♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Saturday, May 11, 2013

Post titleကွန်ပြူတာဖြင့် Android phone application သုံးနည်း


သင့်ကွန်ပြူတာမှ android phone application တွေကိုသုံးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ နည်းပညာလှည့်စားချက်ကလေးတွေတော့ နည်းနည်းပါးပါး ပါတယ်။ သို့ပေမယ့် မခဲယဉ်းပါဘူး။ android ဖုန်းက ဂိမ်းတွေကို ကွန်ပြူတာမှာ ဆော့လို့ရပါတယ်။ viber, line, whatsapp စတဲ့ android phone မှာနာမည်ကြီးတဲ့ app တွေကို သုံးချင်တယ်ဆိုရင်တော့ သင့်ဖုန်း နံပတ်ကို သုံးပြီး register လုပ်ရပါမယ်။ တကယ်လို့ သင့်ဖုန်းက android phone မဟုတ်ဘူး ပြီးတော့ android app တွေဖြစ်တဲ့ viber, wahtsapp စတာတွေ သုံးချင်တယ်ဆိုရင် ဒီနည်းက အဆင်ပြေပါလိမ့်မယ်။ သင်သုံးနေတဲ့ ဖုန်းက android phone ဆိုရင်တော့ ဒါမျိုးလုပ်စရာမလိုပါဘူး။ ဖုန်းနဲ့ပဲသုံးလိုက်တာပိုအဆင်ပြေပါလိမ့်မယ်။
ကွန်ပြူတာမှာ android app တွေ သုံးဖို့အတွက် ကျနော်က Bluestacks ကိုသုံးပါတယ်။ YouWave ကို သုံးရင်လည်းရပါတယ်။ သို့ပေမယ့် YouWave က 14 days trial version ဖြစ်တဲ့အတွက်ကြောင့် မသုံးဖြစ်တော့ပါဘူး။ အရင်ဆုံး သင့်ကွန်ပြူတာဟာ internet ချိတ်ပြီးသားဖြစ်ရပါမယ်။ Bluestacks ကို download လုပ်ဖို့ အောက်က လင့် ကိုနှိပ်ပါ။
http://bluestacks.com/index-2.html?utm_expid=59665291-2&utm_referrer=http%3A%2F%2Fwww.google.com%2Furl%3Fsa%3Dt%26rct%3Dj%26q%3Dbluestacks.com%26source%3Dweb%26cd%3D1%26ved%3D0CDgQFjAA%26url%3Dhttp%253A%252F%252Fbluestacks.com%252F%26ei%3D1b8xULn6NMbjrAeOv4GgAg%26usg%3DAFQjCNEUwBhsISBYDsenjhMifbGO9qCluA
အဲဒီမှာ Download Now ကိုနှိပ်ပါ။ သင့်ကွန်ပြူတာထဲ ကို download လုပ်ပြီးနောက် install လုပ်ပါ။ နည်းနည်းတော့ ကြာပါတယ်။ Install လုပ်ပြီးနောက် Bluestacks ကိုဖွင့်လိုက်ရင် အောက်မှာပြထားတဲ့အတိုင်း ကွန်ပြူတာမှာပေါ်လာပါလိမ့်မယ်။ Android phone က GUI နဲ့တော့ အနည်းငယ်ကွာဟမှုရှိပါတယ်။

တကယ့်ဖုန်း မဟုတ်တဲ့အတွက် ဖုန်းနံပတ်တွေထည့်ဖို့ အတွက် အခက်အခဲရှိပါတယ်။ အဲဒီအတွက် ကျနော်ကတော့ DW contact ကိုသုံးပါတယ်။ DW contact ကို download လုပ်ဖို့အတွက် ညာဘက်အပေါ်ထောင့်က search button ကိုနှိပ်ပြီး DW contact ဟုစာရိုက်ထည့်ပြီးရှာပါ။ ပြီးနောက် install ကိုနှိပ်ပါ။ ဒီလိုဆိုရင် သင့် Bluestacks ထဲမှာ DW contact app ရောက်သွားပါလိမ့်မယ်။ အဲဒီနောက် DW contact ထဲမှာ သင့် မိတ်ဆွေတွေရဲ့ ဖုန်းနံပတ်ကို ထည့်နိုင်ပါတယ်။ ဖုန်းနံပတ်ထည့်ဖို့ DW contact ကိုဖွင့်ပြီး အပေါ်ထောင့်က အပေါင်းပုံကိုနှိပ် ပြီး သင့်မိတ်ဆွေတွေရဲ့ နာမည်နဲ့ နံပတ်တွေထည့်လို့ရပါတယ်။
ဖုန်းနံပတ်တွေထည့်ပြီးသွားပြီ ဆိုရင်တော့ ခုနက download လုပ်သလိုမျိုးနဲ့ပဲ viber, line, whatsapp စတာတွေကို install လုပ်လို့ရပါတယ်။ ဖုန်းမဟုတ်တဲ့အတွက် ကင်မရာနဲ့ ပက်သက်တဲ့ application တွေသုံးရတာတော့ အဆင်မပြေပါဘူး။ Install လုပ်ပြီးသားကိုမကြိုက်ရင်တော့ အောက်ဘက် ညာထောင့်က setting button မှတဆင့် manage application မှာ ပြန်ဖျက်ထုတ်လို့ရပါတယ်။
Viber ကို install လုပ်ပြီးပြီဆိုရင်တော့ register လုပ်ရပါမယ်။ register လုပ်ဖို့အတွက် သင့်ဖုန်းနံပတ်ကိုတောင်းပါလိမ့်မယ်။ သင့်ဖုန်းဟာ android ဖုန်းဖြစ်မယ် ပြီးတော့ viber app လည်းထည့်ပြီးသားဖြစ်မယ်ဆိုရင် သင့်ဖုန်းနံပတ်ကိုပေးလိုက်လို့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီနည်းက ရိုးရိုးသာမာန်ဖုန်းသုံးသူတွေ android app တွေ သုံးဖို့ကြံဖန်ထားတဲ့ နည်းဆိုတော့ smart phone မဟုတ်တဲ့ ဖုန်းတစ်လုံးရဲ့ နံပတ်ကိုသုံးတာပိုအဆင်ပြေပါတယ်။ ဖုန်းနံပတ်ထည့်ပြီးသွားရင်တော့ သင့်ဖုန်းထဲကို register လုပ်ဖို့အတွက် နံပတ် sms ၀င်လာပါလိမ့်မယ်။ အဲဒီ နံပတ်ကို ယူသုံးပြီး Bluestacts ထဲမှာ register လုပ်ပါ။ အဲဒါပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း viber ကိုသုံးလို့ရပါပြီ။

ဒီလိုဆိုရင် Android ဖုန်း သုံးနေတဲ့သင့် သူငယ်ချင်းတွေဆီကို ကွန်ပြူတာကတဆင့် viber နဲ့ ဖုန်းခေါ်လို့ရပါပြီ။ သင့်သူငယ်ချင်းတွေ ဖုန်းမှာလည်း viber ထည့်သွင်းပြီးသားဖြစ်ရပါမယ်။ တဘက်လူကတော့ သင် android ဖုန်း သုံးပြီး ဖုန်းခေါ်နေတယ်လို့ပဲထင်မှာပါ။

No comments:

Post a Comment