♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Thursday, July 25, 2013






.

Android Phone Application တွေကို Phone Internal Memory ထဲမှာ သွင်းတာများရင် Low on space ပေါ်လာတယ်? စက်က သုံးရတာလေးလာပါတယ်။ Phone Internal Memory ကနေပြီး External Memory Card ကိုသွင်းရွေ့ပေးတဲ့ Link 2 SD လေးပါ, (2) App 2 SD (move app to SD) 2.56

Android ဖုန်းတွေအတွက် ဆော့ဝဲတွေသွင်းတာများလို့ ဖုန်းသုံးရတာမလေးအောင် ကူညီပေးမယ့် Link2sd
http://appstorehq-production.s3.amazonaws.com/link2sd-android-613977.185x185.1297864007.03497.png

ဒီ application

လေးကို ကျွန်တော်ပေးရတဲ့ ရည်ရွယ်ချက်က Android version 2.1 ပဲ၇ှိတဲ့ ဖုန်းတွေမှာ App2sd လို့ခေါ်တဲ့ application တွေကိုဖုန်း internal memory ထဲမှာမသွင်းဘဲ sd card ပေါ်မှာ သွင်းတဲ့ function မပါပါဘူး။ အဲဒီဖုန်းတွေအတွက် အခုပေးတဲ့ application ကအလွန်သင့်တော်မှာပါ။ ဖုန်း internal memory ထဲမှာ သွင်းတာများရင် စက်က သုံးရတာလေးလာပါတယ်။ အဲဒီတော့ ကိုယ်သွင်းချင်တဲ့ application တွေကို sd card ပေါ်မှာ install လုပ်ထားတာအကောင်းဆုံးပါပဲ။ သွင်းနည်းကို အောက်မှာပြောပြပါမယ်။ အရင်ဆုံး link2sd လေးကို အရင်ယူထားလိုက်ပါဦး။

Link2sd ကိုရယူရန်

link2sd ကိုယူပြီးပြီဆိုရင် ဖုန်းထဲမှာ အရင်သွင်းထားလိုက်ပါ။ ဒါပေမယ့် link2sd ကို သုံးလို့ရသေးမှာမဟုတ်ပါဘူး။ သူက second partition not found ဆိုပြီးသတိပေးပါလိမ့်မယ်။အဲဒီတော့ အရင်ဆုံး ဖုန်းရဲ့ sd card ကို partition နှစ်ပိုင်း ပိုင်းရပါမယ်။ တစ်ပိုင်းက သာမန်အသုံးပြုတဲ့အတိုင်း သီချင်းထည့်တာတွေ ၊ ဖိုင်တွေသိမ်းတာတွေအတွက်ဖြစ်ပြီး
အခု နောက်ထပ်ပိုင်းရမယ့် partition ကတော့ sd card ပေါ်မှာ application တွေသွင်းဖို့ဖြစ်ပါတယ်။ Link2sd နဲ့သွင်းဖို့ partition ပိုင်းထားရပါမယ်။
partition ပိုင်းဖို့ကို Mini Partition Wizard Home Edition ဆော့ဝဲကိုသုံးပါ။ အဲဒီ software နဲ့ ပိုင်းရတာက သူက size သေးပြီး sd card ထဲက ရှိပြီးသား data တွေကိုလည်း ဖျက်စရာမလိုပါဘူး ၊အဲဒါက ကွန်ပျူတာ ထဲမှာသွင်းရမှာပါ။အောက်မှာရယူလိုက်ပါ။


Mini partition wizard Home Edition ကိုကွန်ပျူတာထဲမှာသွင်းပြီးပြီဆိုရင် ဖုန်းရဲ့ sd card

Friday, July 19, 2013

patten lock ဖြေရန်

unlock pattten မေ့သွားခဲ့ရင်.....ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးပါ

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …
Wi-Fi ချိတ်ထားဖို့ လိုပါတယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ …
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

သွားဖြူစင်နည်း

သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ။

Huawei ဖုန်းအားလုံးတွင် Google Application သွင်းနည်း

အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။

android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် ဒီgapps ကို ဒေါင်းပါ။
android version 2.3.6 မှ 4.0.4 အထိ ဒီgapps ကိုဒေါင်းပါ။
android version 4.1.1 အတွက် ဒီgapps ကိုဒေါင်းပါ။

 (က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။

(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင် ဒီနည်း လမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။


(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး  install zip from sdcard > choose zip from sdcard > gapps-------------signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။


(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။


အားလုံးအဆင်ပြေကြပါစေ........။


Mr.Android site မှ ကူးယူမှတ်သားထာပါသည်

Original Contact နဲ့ Dialer တွေမသုံးချင်ဘူးရိုးနေပြီဆိုရင် အလန်းစားလေးပြောင်းသုံးလိုက်တော့နော်



ကဲဘော်ဒါတို့အတွက် Android ဖုန်းမှာ Original ပါတဲ့Contacts နဲ့ Dialer ကိုသုံးရတာရိုးအီလာပြီဆိုရင်တော့
အခုတင်ပေးလိုက်တဲ့ App လေးကိုသာဒေါင်းပြီးတင်ကြည့်လိုက် မကြိုက်ဘူးကွာဆိုရင်တော့ ကြိုက်သလိုပြောသွားလိုက်တော့ မိုက်သလားတော့မမေးနဲ့
ဖုန်းခေါ်ရင် ဖုန်းနံပါတ်ကို ဘယ်ဘက်ကိုဆွဲလိုက်ရင်တစ်ခါထဲတန်းခေါ်ပြီး
ညာဘက်ကိုဆွဲလိုက်ရင် မက်ဆေ့ထဲကိုတန်းရောက်သွားပြီး မက်ဆေ့ပို့နိုင်မှာဖြစ်ပါတယ် 
ဒီကောင်လေးက Dialer ကိုDefault ပေးလို့လဲရသေးတယ်နော် ပြီးရင် Guesture Caller လဲပါသေးတယ်နော် ပြီးတော့ ကိုယ်ကြိုက်တဲ့  UI Theme  Dialer လေးတွေကိုထပ်ပြီးဒေါင်းလို့ရသေးတယ်နော်
Blacklist တို့ White List တို့call block တို့ လုပ်ရတာဝါသနာပါရင်လဲ အကုန်လုပ်လို့ရသေးတယ်နော်
contacts setting မှာလဲ  Twitter,Google,Facebook တို့Accout Sync ၀င်လုပ်လို့လဲရသေးတယ.်
ဖုန်းခေါ်ရင် ဖုန်းနံပါတ်ကို ဘယ်ဘက်ကိုဆွဲလိုက်ရင်တစ်ခါထဲတန်းခေါ်ပြီး
ညာဘက်ကိုဆွဲလိုက်ရင် မက်ဆေ့ထဲကိုတန်းရောက်သွားပြီး မက်ဆေ့ပို့နိုင်မှာဖြစ်ပါတယ်
အရမ်းညွန်းနေလို့စိတ်ညစ်နေပြီလားမသိဘူး ဒေါင်းပြီးသာသုံးကြည့်ကြပါတော့နော်






-----------DOWNLOAD HERE
 

0940xxxxxxx,0943xxxxxxx,0942xxxxxx,09444xxxxx ဖုန်းတွေမှာ Ringtune တောင်းတဲ့ ဆော့ဝဲလေးပါ


 0940xxxxxxx,0943xxxxxxx,0942xxxxxx,09444xxxxx ဖုန်းတွေမှာ Ringtune တောင်းတဲ့ ဆော့ဝဲလေးပါ 

940xxxxxxx,0943xxxxxxx,0942xxxxxx,09444xxxxx ဖုန်းတွေမှာ Ringtune တောင်းတဲ့ ဆော့ဝဲလေးပါ ဘော်ဘော်တို့ အဆင်ပြေအောင် ရေးလိုက်တယ် 

Share ပေးကြပါအုံး ဆက်ပီးလဲကြိုးစားပါအုံးမယ် 
အခုတော့ ဒေါင်းလိုက်ကြရအောင် အောက်ကလင့်လေးပါ 



DOWNLOAD HERE

For Man Only


 အခုတင်ပေးမဲ့ application လေးကတော့ အမျိုးသားတွေအတွက်ပါ ဘာလဲဆိုတာတော့ ဒေါင်းပြီးမှကြည့်လိုက်ပါ ကျနော်စပြောထဲကအမျိုးသားတွေအတွက်လို့ကြိုပြောထားတာပါ အမျိုးသမီးတွေနဲ့မဆိုင်ပါဘူး ကဲဒေါင်းလိုက်တော့နော်

DOWNLOAD HERE

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...

Facebook Original ကြီးကိုသုံးရတာ စက်ဟန်းတယ် Logout ဖြစ်တယ် ဆိုဒ်ကြီးလို့ဆိုပြီးအဆင်မပြေဖြစ်နေသူများအတွက် အခုအဲဒါတွေကိုပြေလည်အောင်သုံးလို့ရမဲ့ Application လေးကိုရှာဖွေပြီးတင်ပေးလိုက်ပါတယ်



 

 ကဲAndroid User တွေ Facebook Default ကြီးကိုသုံး၇တာ Logout ခဏခဏ ဖြစ်လို့အဆင်မပြေကြဘူးဆို
ဖေ့ဘုတ်ဖိုင်ဆိုဒ်ကလဲအရမ်းကြီးလာတယ်တဖြည်းဖြည်းနဲ့ တစ်ချို့နိမ့်မတဲ့စက်တွေဆို FoceClose ဖြစ်ဖြစ်သွားတယ် အခုအဲဒါတွေကိုပြေလည်အောင်သုံးလို့ရမဲ့ Application လေးကိုရှာဖွေပြီးတင်ပေးလိုက်ပါတယ် သုံးရတာ တော်တော်အဆင်ပြေပါတယ်
သူ့ရဲ့Style  UI interface ကလဲတော်တော်လေး Smart ကျတယ်လို့ပြောလို့ရတယ် Facebook feature တွေလဲ
အကုန်သုံးလို့ရတယ် အခုကျနော်တို့သုံးတဲ့ပုံစံနဲ့လဲတော်တော်ဆင်ပါတယ် အရောင်လေးတွေတော့ကွဲသွားတာပေါ့ သုံးရတာအကုန်တူတူပါဘဲ ထူးခြားတာက ဒီကောင်လေးကဆိုဒ်သေးသေးလေးနဲ့ သုံးလို့ရတာပါဘဲ Playstore မှာလဲသွားရောက်ကြည့်နိုင်ပါတယ်
ကိုယ.်ထားချင်တဲ့ Theme ဒီဇိုင်းထားပြီးသုံးလို့ရတော့တော်တော်များများကြိုက်ကြလိမ့်မယ်ထင်တယ်
သုံးကြည့်လိုက်ပါ ဒေါင်းပြီးတော့လိုအပ်ချက်လေးတွေရှိရင်လဲပြန်ပြောပြပါအုံး
ကျနော်စိတ်ထဲံမှာတော့ ဒီကောင်လေးကိုသုံးရတာ ဆိုဒ်သေးတယ်စက်မလေးဘူးကြည့်ရတာရှင်းတယ် ကာလာလေးတွေကိုကြိုက် ကျေနပ်တဲ့စိတ်ခံစားမှုတစ်ခုတော့ဖြစ်ပါတယ် သူငယ်ချင်းတွေလဲစမ်းပြီးသုံးကြည့်စေချင်လို့တင်ပေးလိုက်တာပါ အောက်ဆုံးမှာဒေါင်းလော့ရယူနိုင်ပါတယ်

 အောက်ကလင့်စ်က Playstore လင့်စ်ပါသွားရောက်လေ့လာချင်သူတွေအတွက်
 https://play.google.com/store/apps/details?id=com.flipster



 

Gmail.apk နှင့် mail သုံးရင် ဖွင့်မရဘဲ ပိတ်သွားသူများ (အထူးသဖြင့် Huawei)


Gmail.apk နှင့် mail သုံးရင် ဖွင့်မရဘဲ ပိတ်သွားသူများ (အထူးသဖြင့် Huawei)

မိမိဖုန်းထဲကို အောက်ပါလင့်မှ file
ကို download ဆွဲပြီးထည့်လိုက်ပါ
အဆင်ပြေပါလိမ့်မယ်။

http://db.tt/CJHWPXgd


DOWNLOAD HERE အဆင်ပြေကြပါစေ...

Android အတွက် Apk ဖိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးမယ်

လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ 
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။ 
ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

ဆိုက်ထဲရောက်ပြီဆိုရင် အဲဒီမှာ ကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း CREATE APP NOW! ဆိုတဲ့စာလေးကိုနှိပ်လိုပါ




အောက်ကကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကို နှိပ်လိုက်ပါ ။

Tap4Call - free phone calls V1.3.4 For Android

Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။

မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။  ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်




အားလုံးပဲ အဆင်ပြေကြပါစေ... :-)

FaceFighter Gold v1.04 Pro - For Android


Android စက်ရုပ်သမားတွေအတွက် iPhoneမှာ နာမည်ကြီးတဲ့ FaceFighter Gold V1.04 ဂိမ်းဆိုတဲ့ မူးဗားရှင်းလေးကို စက်ရုပ်သမားတွေအတွက်တင်ပေးလိုက်ပါတယ် ။ ဒီဂိမ်းကတော့ ကိုယ့်ထိုးမယ့်သူရဲ့ မျက်နှာကို ကိုယ်ကြိုက်တဲ့မျက်နှာထားလို့ရတယ် ကိုယ်မကျေနပ်တဲ့သူရဲ့မျက်နှာထားပြီးထိုးချင်ထိုးပေါ့ သူထိုးကိုယ်ထိုးနဲ့အပြိုင်နိုင်အောင်ထိုးရမှာပါ ထိုးနေရင်းမျက်ခွက်တွေဘာတွေ ဖူးပြီးယောင်ကိုင်းလာပါတယ်။ ကိုယ်ထိုးလိုက်လို့ စုတ်ပျက်သက်သွားတဲ့ မျက်နှာကိုလည်းFacebook ပေါ်တင်လို့ရပါတယ် ။ ဒီဂိမ်းကိုတော့ မားကပ်မှာ $ 1.99ကျပ်တန်ပါတယ် (ဆိုဒ်က 24.27 MB ရှိပါတယ် အင်စတောလုပ်ပြီးတမ်းဆော့လို့ရပါပြီ ဘာ Dataဖိုင်မှမလိုပါဘူး။ လိုချင်သူများအောက်မှာ ဒေါင်းယူပါ

လိုချင်ရင်တော့ ( ဒီမှာ ) ဒေါင်းပါ 
MediaFire ဖြင့် (ဒီမှာ) ဒေါင်းယူပါ ။
ifile ဖြင့် (ဒီမှာ) ဒေါင်းယူပါ ။

Stupid Zombies 2





အရင် Stupid Zombile ဂိမ့်းထွက်လာပြီး အခု Stupid Zombile 2 ဆိုပြီးအသစ် ထွက်ရှိလာတဲ့ဂိမ်းလေးပါ။ လက်တဲ့အာင်ချိန့်စပြီး zombies လေးများမှန်အောင် ပစ်ခတ်ရမယ် ဂိမ်းလေးပါ။ Stupid Zombile 1 တုံက zombile လေးများရဲ့လှုပ်ရှားမှုကိုသိပ် မမြင်တွေ့ခဲပါဘူး။ Stupid Zombile 2 မှာ zombile လေးများရဲ့လှုပ်ရှားမှုဖြင့် ပို့မို့ ဆော့လိုကောင်းသွားပါတယ်။  ဆော့လို့အကောင်းဆုံ လူကြိုက်အများဆုံ ဂိမ်းဆိုလဲမမှားပါဘူး။ ကဲ့ပြောနေ့တာကြာတယ် download ဆွဲပြီး ဆော့လိုက်ကြရအောင်

Download link >> Stupid Zombies 2 For Android

Download link >> Stupid Zombies 2 For iPhone / iPod / iPad

Thursday, July 18, 2013

Android ဖုန်းတွေက ပြန့်ကျဲနေတဲ့ ဖိုင်လ်တွေ ပြန်စီပေးမဲ့ App




Disk Defragmenter for Android v1.0

Android ဖုန်းတွေက ပြန့်ကျဲနေတဲ့ ဖိုင်လ်တွေ ပြန်စီပေးမဲ့ App လေးပါ...
 
ဖိုင်တွေပြန့်ကျဲနေရင်အလုပ်လုပ်တဲ့နေရာမှာနှေးသွားတက်ပါတယ်
 
အဲဒါမျိုးမှာဒါလေးသုံးပြီးတော့ဖိုင်တွေပြန်စီလိုက်ရင်အရင်အတိုင်းမြန်ဆန်သွက်လက်လာပါလိမ့်မယ် 
 
 

ZDbox v3.9.285( Root Task Killer ) For Android




ZDbox ဆိုတာကတော့ ကျနော်တို Android ဖုန်းတွေရဲ့ Battery စားနှုန်းကိုသက်သာစေပြီး Boot တက်တာ မြန်ဆန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။All-in-one Tool Box တစ်ခုပါ ဒီ apk လေးကို သုံးယုံနဲ့ တခြား လုပ်ဆောင်ချက်တွေလည်း ထပ်ရနိုင်ပါတယ်။Flash Light တွေဖွင့်နိုင်တယ်။ ကိုယ်သုံးထားတဲ့ အင်တာနက်ရဲ့ Data အ၀င်အထွက်တွေစစ်ဆေးလိုရတယ်။
App Lock တွေပြုလုပ်နိုင်တယ်။ကိုယ်ရဲ့ Facebook,Contact,Call စတဲ့ ကောင်တွေကို password တွေနဲ့ပိတ်ထားလိုရတယ်။uninstaller လည်းတစ်ခါတည်းထည့်ပေးထားတယ်။Phone ထဲက Apk တွေကို SD Card ပေါ်မှာ Run နိုင်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အပြင်တခြားလုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။

Download Here





နှေးကွေးလေးလံတဲ့ Android ဖုန်းကို အမြန်ဆုံးဖြစ်အောင် လုပ်ကြမယ် (SuperCharger Method-- Rooted Phone)

Android Phone သုံးသူတိုင်း သူ့ဖုန်းလေးကိုမြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့လေး 
(ပြောရရင်တော့ သွက်သွက်ကလေးပေါ့) ဖြစ်နေစေချင်ကြပါတယ်။ 
ဒါပေမဲ့ခက်တာက ဖုန်းကသုံးနေရင်းသုံးနေရင်း လေးလေးလာတယ်။ 
Dial Pad ကိုနှိပ်လို့တောင် တော်တော်နဲ့ပေါ်မလာချင်ဘူး။ Android 2.3.6 
ရဲ့အောက် OS တွေမှာ သိပ်မသိသာပေမဲ့ ခုနောက်ထွက်လာတဲ့ Android 4.0
 နောက်ပိုင်းမှာ ဖုန်းကသုံးရင်းသုံးရင်း လေးလေးလာပါတယ်။ Game များများဆော့တဲ့သူတွေဆိုပိုဆိုးတာပေါ့။ အကြောင်းကတော့ App တွေများများ
သွင်းကြတယ်၊ Game တွေထည့်တာများလာတယ်၊ Internet သုံးလာကြတယ်၊ 
တပြိုင်ထဲ App တွေလိုတာထက် ပိုဖွင့်မိနေတာကို သတိမထားမိကြတာများတယ်၊ 
ဖုန်း OS နဲ့ App တွေက Temp File တွေကိုရှင်းကြပေမဲ့ RAM ကိုအကောင်းဆုံး 
 Management မလုပ်မိကြဘူး။ ဒါကြောင့် (RAM ကြောင့်) စက်လေးပြီးနှေးနှေး 
လာပါတယ်။ RAM က Ph မှာထပ်တိုးလို့မှမရပဲ။ ဒီတော့ ဖုန်းရဲ့ RAM ကို
အကောင်းဆုံး အသုံးချနိုင်ရင် အဲဒီဖုန်းလေးသွက်ပြီး သုံးရတာစိတ်ချမ်းသာ
လာမှာပါ။ ခုပြောမှာကလဲ RAM ကိုအကောင်းဆုံး အသုံးချနိုင်အောင် 
လုပ်ပေးတဲ့ Software လေးပါပဲ။ SuperCharger လို့ခေါ်ပါတယ်။ 
SuperCharger = Speed + Multitasking!.... No more lag! No more
 launcher redraws! Smooth & Snappy!....It's the ONLY Complete Memory
 Management Fix!...There is NOTHING ELSE LIKE IT! တဲ့ဗျာ.
.
အင်း----ဒါလေးတော့ပြောချင်တယ်ဗျာ---
 
**  ဖုန်းက ROOT လုပ်ပြီးဖြစ်ရပါမယ်။ Official StockRom ဆိုပိုကောင်းပါတယ်။
** Android Version ပေါ်မူတည်ပြီး အခြေအနေမတူနိုင်ပါ။ 
** လုပ်နေကြပုံစံမဟုတ်တဲ့အတွက် အခက်အခဲ(အနည်း/အများ)ရှိနိုင်ပါတယ်။
** Backup လုပ်ထားဖို့မမေ့ပါနဲ့၊ စက်ရဲ့အတွင်းပိုင်းကို ၀င်မွှေမှာဖြစ်တဲ့အတွက် သတိထားပါ။
** မိမိဆန္ဒအလျောက်သာလုပ်ပါ၊ အမှားတစ်ခုခုဖြစ်နိုင်ပါတယ်။
** Phone ကို Root ထားပြီးမှ Apps တွေသွင်းဖို့ 50MB လောက် Free Space ရှိရပါမယ်။
** BusyBox သွင်းပြီးဖြစ်ခဲ့ရင် အဲဒီအဆင့်ကိုကျော်သွားပါ(အချို့က Root 
ပြီးသားဆိုရင် BusyBox ရှိနေတတ်လို့ပါ)။ မရမှ အဟောင်းကိုပြန်ဖြုတ်ပြီး BusyBox အသစ်နဲ့ပြန်လုပ်ကြည့်ပါ။

Installation အဆင့်ဆင့်ကတော့----------

အဆင့်(၁) Link ကနေ ဒေါင်းလို့ရလာတဲ့ SpeedUp ကို Unzip လုပ်၊
အဆင့်(၂) ဖိုင်(၅)ခုပါပါတယ်။ gscript Folder နဲ့ V6_SuperCharger-AOR Folder 
(၂)ခုကို အဲဒီအတိုင်းပဲ Phone SD ကဒ်ထဲတိုက်ရိုက်ထည့်(တိုက်ရိုက်နော်)။
 နောက် Apk (၃)ခုဖြစ်တဲ့ stericson.busybox.126, os.tools.scriptmanager.80 
နဲ့ gscript lite ကိုဖုန်းမှာ ပုံမှန် App သွင်းသလို Install လုပ်ပါ။ SuperUser Request 
 တောင်းရင်ပေးလိုက်ပါ။
အဆင့်(၃) အပေါ်ကအဆင့်တွေအဆင်ပြေပြီဆိုရင်----
(၃-က) Phone App List မှာ BusyBox ကိုဖွင့်၊ SuperUser Request မေးရင်ပေး၊ 
ဟိုလှည့်ဒီလှည့် လုပ်နေရင်စောင့်၊ Welcome ဘာညာ Box ပေါ်လာရင်ပိတ်၊ 
BusyBox 1.20.2 ကို /system/xbin မှာ Install လုပ်ပါ။( Ver တိုး/လျှော့လုပ်နိုင်ပါသည်)။
(၃-ခ) BusyBox သွင်းတာအဆင်ပြေပြီဆိုရင် Phone App List ထဲက GScript Lite 
ကိုဖွင့်ပါ။ Menu နှိပ်ပါ။ Add Script ရွေးပါ။ Needs SU အမှန်ခြစ်နေရပါမယ်၊ Load File 
 နှိပ်ပါ၊ !Autostarts ----- ကိုရွေးပြီး Save နှိပ်ပါ။ ဒါဆို Script List မှာ !Autostarts ---
-လေးတိုးလာပါပြီ။ သူ့ကိုနှိပ်ပြီး Run လိုက်ပါ။ Finish ပြပြီဆိုရင် App ကပြန်ထွက်ပြီး
 Phone ကို Restart ချလိုက်ပါ။

(၃-ဂ) အဲဒီအဆင့်ထိ Ok ပြီဆိုရင် Phone App List ထဲကနောက်ဆုံးကျန်တဲ့ 
SManager ကိုဖွင့်ပါ။ ထုံးစံအတိုင်း SuperUser ဆိုရင်တော့ Grant(or)Allow
 ပေါ့။ ပြီးရင် SD Card ထဲမှာ ကိုထည့်ထားတဲ့ V6_SuperCharger-AOR Folder 
ကိုရှာ၊ သူ့ထဲကိုဝင်၊ Open Recovery ကိုဆက်ဝင်၊ Scripts ကိုဆက်ဝင်၊ ကဲအဲဒီမှာ
 တွေ့တဲ့ V6_SuperCharger ကို Select လိုက်၊ အပေါ်မှာအရိုးခေါင်းပုံ SU လေး
ကိုနှိပ်ပြီး Run နှိပ်ပေးလိုက်ပါ။ စာတန်းတွေအများကြီးတက်လာတာစောင့်....
After Reboot ဘာညာပေါ်လာရင် App ကိုအဆင့်ဆင့်ထွက်ပြီး Phone ကို Restart ချလိုက်ပါ။ ၀ူး...........

အဆင့်အားလုံးအောင်အောင်မြင်မြင်ဆိုရင်တော့ အသွက်ဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ပါပြီဗျာ။---
ကဲအဲဒီလိုလုပ်ပြီးအောင်မြင်သွားတဲ့သူတွေ ဘာပြောကြသလဲကြည့်ရအောင်----
Memorable User Comments:
    "Feels like I have a new phone!"
    "V6 is one the best things to come to android."
    "Supercharger rocks bro, I'm actually mad I waited so long to do it..."
    "I wish I hadn't upgraded yet"
    "Now I can wait to upgrade",
    "I was about to throw this phone through the wall",
    "I was about to return it but now I don't have to",
    "This cured my phone of cancer!"
    "Oh man... just applied the V6 Supercharger Script by ZeppelinRox on my Android.. I think it fixed everything..",
    "My phone is better than new!",
    "my phones has turned god mode on or somthing",
    "I never notice this at all, until I flash a new rom and realize its not there anymore lol."
( မူရင်း Link မှာကြည့်ချင်ရင် http://forum.xda-developers.com/showthread.php?t=991276 )

အောက်က Link မှာဒေါင်းကြပါ။ လိုတာအားလုံးစုစည်းပြီး Zip လုပ်ထားပါတယ်။ 2.1 MB ရှိပါတယ်။

             ဒီမှာ SolidFiles

         ဒီမှာ TusFiles

Thursday, July 11, 2013

Android ဖြင့် စာရင်းကိုင်လုပ်လို့ ရမယ့် မြန်မာ့စာရင်းကိုင်ဆော့ဝဲကောင်း


MmAccount သည် အလွန် ရိုးရိုးရှင်းရှင်း ကြည့်ရှူ့လွယ်သော 
အကြွေးစာရင်းကို မှတ်သားပေးသည့် app ဖြစ်ပါသည်။
 ပေးရန်နှင့် ရရန် ရှိသော အကြွေးများကို အလွယ်ပင် 
ဖုန်းထဲတွင် မှတ်စုသဖွယ် မှတ်သား အသုံးပြုနိုင်သည်။ 
ချမ်းသာ ကြွယ်ဝချင်သူ တစ်ယောက်အတွက် မိမိ၏ ငွေကြေးကို 
စီမံခန့်ခွယ်တတ်ရန် အရေးကြီးသည် မဟုတ်ပါလော။

 Credit - https://www.facebook.com/FelixMyanmar

Download - mmaccount-2-v1.1.apk


Android ဖုန်းများအတွက် bomber mine game apk


                    

Android Phone & Tablet Model ပေါင်း 1000 ကျော်ကို Root လုပ်ပေးနိုင်တဲ့ V Root Tool v1.2 (1-Click)


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvztZa2b0Sql1yOgDzneO9f5AThz6WPDLSJCjSKKJaIAXgE019FKkHWwfrzE-yKGARCv_uH-v1SKNgCF3z_sVmfH7-J4CoqqFC7XvgxSdbwQRDT3yhFHu5Dyc4nVavBEHEi9ahdTNOMpq/s1600/V+Root.PNG
အခုတင်ပေးလိုက်တဲ့ V Root Tool ကတော့ Service သမားတိုင်းဆောင်ထားသင့်တဲ့ Root Tool လေးပါဗျာ။ Serivce သမားတင်မဟုတ်ပါဘူး One Click Root Tool ဖြစ်တဲ့အတွက် Android User တွေလည်း ဆောင် ထားသင့်ပါတယ်ဗျာ။ အသုံးပြုရလွယ်ကူရိုးစင်းတဲ့အတွက်ဆိုင်မှာ Root ဖောက်စရာမလိုဘဲ ကိုယ့်အိမ်မှာ Computer နဲ့ချိတ်ဆက်ပြီး Root ဖောက်နိုင်ပါတယ်ဗျာ။ ပိုက်ဆံကုန်သက်သာတာပေါ့။ Root လုပ်နိုင်တဲ့ Android OS တွေကတော့ အောက်ဆုံး 2.1 ကနေပြီး အမြင့်ဆုံး 4.2 အထိ Root ဖောက်ပေးနိုင်ပါတယ်ဗျာ။ အမြင့်ဆုံး 4.2 အထိလို့ သုံးထားတာက လောလောဆယ်မှာ 4.2 အထိဘဲ ထွက်သေးတာကြောင့်ပါဗျာ။ ကျွန်တော် Setup File နဲ့ Portable ဆိုပြီး နှစ်မျိုး တင်ပေးလိုက်ပါတယ်ဗျာ။ အဆင်ပြေတာနဲ့သာ Root လုပ် ကြပါနော်။ တစ်ခုတော့ သတိထားဖို့လိုပါတယ်ဗျာ။ Root မလုပ်ခင်မှာ USB Debugging ကို on ထား ခဲ့ ကြဖို့သတိပေချင်ပါတယ်ဗျာ။ အဲအဲ အရေးကြီးတာပြောဖို့လိုနေသေးလို့ဗျာ Support လုပ်ပေးနိုင်တဲ့ ဖုန်းအမျိုးအစားတွေကတော့ Samsung , Huawei , Lenovo , Sony , HTC , ZTE , Cool အပြင် အခြားသော
Android Model ပေါင်း 1000 ကျော်ကို Root လုပ်ပေးနိုင်ပါတယ်ဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Tuesday, July 9, 2013

Mr. Bones 2001 Hollywood Movie



ဒီဇာတ်ကားကတော့ ကြည့်ဖူးတဲ့ မိတ်ဆွေ များသိကြမှာပါ ပါးစပ်ပိတ်ထားလို့ မရလောက်အောင်ကို တဝါးဝါး တဟားဟား နဲ့ စိတ်အပမ်းဖြေတဲ့ ဟာသဇာတ်မြူး ဇာတ်ကားကြီးပါ. အောက်မှာ တိုက်ရိုက်ကြည့်နိုင်ပါတယ်။



ကျေးဇူးတင်ပါတယ်...

။မြန်မာနိုင်ငံအလံတော်တွေ

 

 

မြန်မာနိုင်ငံတော်အလံတွေအရမ်းစုံပါတယ်
ဒီမှာကြည့်ပါ လိုချင်တာလေးတွေ ယူသွားပေါ့

နိုင်ငံခြားရုပ်ရှင်များကို အလွယ်တကူကြည့်ရအောင်..

 

download လုပ် နည်းကတော့အတူတူပါဘဲ...ဒေါင်းပြီး ရင်တော့ အလွယ်တကူကြည့်လို့ ရပါပြီသတိပေး ချင်တာတခုတော့ရှိပါတယ် ။ရုပ်ရှင်ကားတွေကိုရှာမယ် ဆိုရင်တရုတ်စာတွေဖြစ်တဲ့အတွက်နဲနဲတော့ စိတ်ညစ်ရပါမယ်.သူပေးထားတဲ့ပုံစံကတော့ doubleclick နဲ့ဖွင့်ရုံပါဘဲ၊ ပွင်လာတဲ့ထဲမှာမှ ကြည့်ချင်တဲ့ ကားများကို ရှာပြီးကြည့်နိုင်ပါပြီ ရုပ်ရှင်ကားပေါင်းသန်းနဲ့ ချီပြီးရှိမယ်လို့ ကျနော်ထင်တယ်.. ဘယ်တော့မှကြည့်လို့ မကုန်ဆုံးနိုင်တဲ့ဆော့ဝဲလ်လေးဖြစ်လို့ ဝေမျှလိုက်တာပါ... ဒီနေရာမှာ download ယူလိုက်ပါ။

ကျေးဇူးတင်ပါတယ်...

APK

It Palace Computer Training Center သတင်းတွေ ၊အတင်းတွေ ။ ဖုန်းမှ ဖတ်ချင်သူများ အတွက် It Palace Computer Training Center ရဲ့ဒေါင်းလော့ (APK)လေးပါ
အောက်ပါလင့်မှာဒေါင်းနော်
http://www.mirrorcreator.com/files/LAADTO7K/IT_Palace_Computer.apk_links

Hosting ဆိုဒ် (၃၃) ဆိုဒ်မှာ upload တင်နည်း


ဘလော့မိတ်ဆွေများ မင်္ဂလာပါ...
ကျွန်တော် ဒီနေ့ ဆွေးနွေးတင်ပြပေးမယ့်အကြောင်းအရာလေးကတော့ အွန်လိုင်းမှာ
နည်းပညာဖြန့် ဝေပေးနေတဲ့ဘလော့မိတ်ဆွေများအတွက် အရမ်းအသုံးဝင်တဲ့ ကိုယ်ပိုင်
hosting တင်တဲ့နည်းလမ်းလေးပါ။ ဘာကြောင့်ကျွန်တော်ဒီဆိုဒ် လေးကိုညွှန်းရပါသလဲဆိုရင် အောက်ကပုံလေးကိုကြည့်လိုက်ပါ။ မိမိတို့ တင်ချင်တဲ့ hosting ဆိုဒ်ရဲ့ ဘေးမှာအမှန်ဖြစ်
လေးတွေထည့်ပေးလိုက်ပြီး upload လုပ်လိုက်တာနဲ့  ကိုယ်ပိုင်ဒေါင်းလော့လင့်များကို အလွယ်တကူရရှိမှာဖြစ်ပါတယ်။ တကြိမ် upload တင်လိုက်တာနဲ့ hosting ဆိုဒ် ( 33 )
ဆိုဒ်မှာ အလိုလို Upload တင်ပြီးသားဖြစ်တာကြောင့် မိတ်ဆွေများကြိုက်နှစ်
သက်ကြမယ်တင်ပါတယ်။
၁။

၂။
ဒီနေရာ မှာသွားတင်ပါ။

ကျေးဇူးတင်ပါတယ်...

Android ဖုန်း ကိုင်သူတွေ အတွက် အလန်းစား Launcher



Android ဖုန်းကိုင်ဆောင် သူတွေ အတွက် အလန်းစား launcher တစ်မျိုးဖြစ်ပါတယ် ….. အရင် ထွက်ရှိပြီးသား launcher တွေ နဲ့ ဒီဇိုင်း ရော အသွင်းအပြင် ပ ကွာခြားသွားတာကို သုံးကြည့်ရင် သိပါလိမ့်မယ်..phone, messages, music, apps စတာတွေကို မိမိရဲ့ လက်နဲ့ Swipe လုပ်ပေးရုံနဲ့ တိုက်ရိုက် သွားနိုင်မှာဖြစ်ပြီး ကိုယ်သွားချင်တဲ့ နေရာကို အမြန်ဆုံး သွားနိုင်မှာဖြစ်တဲ့အတွက် သုံးရတာ အဆင်ပြေချော့မွေ့တာကို တွေ့ရပါတယ် … ………ဒီ launcher လေးကို  Myanmar Mobile App store မှာ   download ရယူနိုင်ပါတယ် ခင်ဗျာ။ အောက် က  Link မှာ ရယူနိုင်ပါတယ် ..

အထူးအစီစဉ်

Mobile Phone Software Course ( Android + i-OS ) Hardware
သင်တန်းသားများ ထပ်မံလက်ခံပေးပါမည် ။သင်တန်းကြေး(၂၄၀၀၀၀)ကျပ်အား ပထမ ဆုံးလရောက်အပ်နှံသော ကျောင်းသား (၅) ဦးအတွက် 50% လျော့ချပေးပါမည် (၁၂၀၀၀၀)သာ ကျသင့်ပါမည်။(၅)ဦးနောက်မှ ရောက်ရှိသော ကျောင်းသားများအတွက် 25% လျော့ပါမည်။(၁၀)ဦး နောက်မှ ရောက်ရှိသော ကျောင်းသားများအတွက် ကံစမ်းမဲ အဖြစ် (1000G) HD တစ်လုံး မဲဖေါက်ပေးပါမည်။ကျောင်းသား/သူ များ အားလုံးကို 1000G ရှိသော Software အခမဲ့ ပေးပါမည်။5000 ကျပ်ဖြင့် စာရင်းစတင်သွင်းနီုင်မည်။2 လ အကျိုးသက်ရောက်မူ့ရှိမည်။
A+ သင်တန်းအတွက် K&Z မှ ကိုစိုးကြီးမှ ကိုယ်တိုင်သင်ကြားပေးပါမည်။
သင်တန်းတည်နေရာ...
IT Palace Computer Training Center
Zegyo Hotel 2nd Floor , Room 205 & 206 , Mandalay
09-402695651 , 09-6802760

အွန်းလိုင်းမှာ ငွေရှာနည်း



အင်တာနက်မှာ ငွေရှာနည်းဆိုပြီး နည်းမျိုးစုံရှိကြပါတယ်။ဒါကြောင့်ဖေ့ဘုတ်က သူငယ်ချင်းတွေကိုလည်း အင်တာနက်သုံးရင်း လက်တွေ ငွေဝင်နိုင်တာလည်း ဒီလိုစီစဉ်ထားပါတယ်။ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ♥IT Palace Computer Training Center♥
ကို ကျောင်းသား/ကျောင်းသူ တစ်ယောက် သူငယ်ချင်းတို့ မှ ခေါ်ဆောင်လာပါက ကျောင်းသား/ကျောင်းသူ တစ်ယောက်၏ ၀င်ငွေ မှ 5% နှုန်း သူငယ်ချင်းတို့ အား ပြန်လည်ချီးမြင့်ပါမည်။အထူးတန်းခွဲ အနေနဲ့ ဖုန်းပြုပြင်ချင်းနှင့် တရုတ်စကားပြော တန်းခွဲတွေလည်း ဖွင့်လှစ်ထားပါတယ်။လိပ်စာက (ဈေးချိုဟိုတယ် ဒုတိယထပ် အခန်း 206/207 ကွန်ပျူတာသင်တန်းခန်းမ ဖုန်း-09402695651/096802760
ကြိုက်ရင် Like ပေါ့နော် ♣

MRTV4 ဖုန်းပေါ်မှာ ကြည့်ချင်သူများ ဒေါင်းနိုင်ပြီနော်

MRTV4

Beta Version for MRTV-4
Version 0.0.0.1
14.9.2012

ဒေါင်းလော့လင့်
http://www.appsgeyser.com/getwidget/MRTV4/

Monday, July 8, 2013

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ



ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အခက်ကြီးလို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာလေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်းသိလိုက်တာနဲ့ အားလုံးအဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။
ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာအတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ်လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက်ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိနည်းကျကျ ဆင်ခြင်တွေးခေါ်နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံလေးတွေ နည်းနည်းလိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်းသင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်းအနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာမဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့်တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။
အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။

Android ဖုန်း အတုနဲ့ အစစ် ခွဲခြားဖို့အတွက်

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင် ပါတယ်။ Touch Screenကို စမ်းကြည့်မယ် ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Feature တွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ ဖုန်းတွေ မဟုတ်ကြပါဘူး။  Androidအစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ 
Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကို ရှာကြည့် လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ်နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့အတွက် လုံလောက်ပြီး အဆင်ပြေကြမယ်ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
ကိုအောင်ကျော် (ပုသိမ်)

Huawei ဖုန်း အကြောင်း သိကောင်းစရာ



လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုး
အစားက ရောင်းအားကောင်းပါတယ်။လိုင်းဆွဲအား ကောင်းတာ၊ တခြား
နာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့
T5900 အမျိုးအစားတွေ ဖြစ်ပါတယ်။
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEI ဖုန်းဝယ်မယ်ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေးဝယ်ပါ။

ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊ ဒီ ဖုန်းကိုအသုံးရင် 3G အပြည့်မရပါဘူး၊
C8950 မှာ C ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။

မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။

စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေဆိုရင် ဖုန်းအတွင်း
စာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်”လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့ Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။

သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။ ဈေးနှုန်းကပ်ထားတဲ့အတွက် အရောင်းအ၀ယ် ပိုပြီး အဆင်ပြေစေပါတယ်
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀ နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိ
ပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။

credit to irrawaddy


Friday, July 5, 2013

Mobile Phone Software Course ( Android + i-OS ) Hardware

Mobile Phone Software Course ( Android + i-OS ) Hardware
သင်တန်းသားများ ထပ်မံလက်ခံပေးပါမည် ။သင်တန်းကြေး(၂၄၀၀၀၀)ကျပ်အား ပထမ ဆုံးလရောက်အပ်နှံသော ကျောင်းသား (၅) ဦးအတွက် 50% လျော့ချပေးပါမည် (၁၂၀၀၀၀)သာ ကျသင့်ပါမည်။(၅)ဦးနောက်မှ ရောက်ရှိသော ကျောင်းသားများအတွက် 25% လျော့ပါမည်။(၁၀)ဦး နောက်မှ ရောက်ရှိသော ကျောင်းသားများအတွက် ကံစမ်းမဲ အဖြစ် (1000G) HD တစ်လုံး မဲဖေါက်ပေးပါမည်။ကျောင်းသား/သူ များ အားလုံးကို 1000G ရှိသော Software အခမဲ့ ပေးပါမည်။5000 ကျပ်ဖြင့် စာရင်းစတင်သွင်းနီုင်မည်။2 လ အကျိုးသက်ရောက်မူ့ရှိမည်။
A+ သင်တန်းအတွက် K&Z မှ ကိုစိုးကြီးမှ ကိုယ်တိုင်သင်ကြားပေးပါမည်။
 
သင်တန်းတည်နေရာ...

IT Palace Computer Training Center
Zegyo Hotel 2nd Floor , Room 205 & 206 , Mandalay
09-402695651 , 09-6802760