♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Tuesday, April 23, 2013

မိမိဘလော့ဆိုဒ်မှာ ဘာကုဒ်မှ မလိုပဲ Read more ထည့်နည်း (သို့ မဟုတ်) ပို့ စ်ခေါက်နည်း

ဒီနည်းကတော့ ကျွန်တော့်လို ဘလော့လုပ်ခါစ သူငယ်ချင်းတွေ အတွက် အဆင်ပြေလိမ့်မယ်လို့  မျှော်လင့်ပါတယ်။ ဘာလို့ လဲ ဆိုတော့ Read more တပ်ချင်ရင် စာတွေ ကို မိမိလိုအပ်တဲ့နေရာကနေ ဖြတ်ပြီး ပို့ စ်ခေါက်ချင်ရင် Edit Template မှာ ဝင်ပြင်ရတာ ဘလော့စလုပ်ခါစ သူငယ်ချင်းတွေ အတွက် စိတ်ရှုပ်စေမှာပါ။ ဒီနည်းလေးကတော့ ဘာကုဒ်မှ ထည့်စရာမလို ပဲ မိမိဘလော့ပို့ စ်အသစ်ရေးတိုင်း လုပ်ပေးရုံနှင့် မိမိတင်လိုက်တဲ့ ပို့ စ်ကို Read more တပ်ပြီးသား ပို့ စ်ခေါက်ပြီးသားဖြစ်စေမှာပါ။



ပထမဦးဆုံး မိမိ ယခင် ပို့ စ်ရေးကျအတိုင်း New Post ကို နှိပ်ပြီး ဘလော့စ်ပို့ စ်ကိုရေးပါ။ရေးပြီးသွားလျှင် မိမိပို့ စ် ကို Read more ထားဖို့  (သို့ ) ပို့ စ်ခေါက်ဖို့ အတွက် Linkချိတ်တဲ့  နေရာ၊ ဓါတ်ပုံထည့်တဲ့နေရာ၊ဗွီဒီယိုထည့်တဲ့နေရာဘေးရှိ စာရွက်နှစ်ပိုင်းပြတ်နေတဲ့ ပုံလေးကိုကလစ်ပါ။
စာရွက်ပုံလေးကိုကလစ်လိုက်ရင် မိမိ Read more ထားမဲ့နေရာမှာ မျဉ်းကြောင်းလေးပေါ်လာတာကိုတွေ့ ရမှာပါ။ထိုသို့ တွေ့ လျှင် အိုကေပါပြီ။ Publish ကိုနှိပ်ပြီး မိမိရေးထားတဲ့ပို့ စ်ကို တင်လိုက်ပါ။
 အောက်ကပုံလေးမှာလည်းမြားလေးနှင့်ထိုးပြီးပြထားပေးပါတယ်။


ပြီးရင် View blog ကိုနှိပ်ပြီး မိမိဘလော့ဆိုဒ် ကို ကြည့်လိုက်ပါ။

အောက်ကပုံကတော့ View blog ကို နှိပ်ပြီး မိမိဘလော့ဆိုဒ်ကို ကြည့်လိုက်တဲ့ အခါ Read more တပ်ပြီးသား (သို့ မဟုတ်) ပို့ စ်ခေါက်ပြီးသား ဖြစ်နေတာကို တွေ့ ရမှာပါ။
အဆင်ပြေကြပါစေဗျာ။(ဖြူးသားလေးဘလော့မှဖော်ပြသည်)

No comments:

Post a Comment