♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Thursday, June 13, 2013

Ice Cream Sandwhich Android ကိုသင့်ရဲ့ PC မှာ အသုံးပြုခြင်း

 Android Apps တွေကို PC ပေါ်မှာ Run တာဟာ အထူးအဆန်တော့ မဟုတ်တော့ဘူး။တကယ်လို့ သင့်မှာ Android ဖုန်းမရှိဘူးဆိုရင် (သို့) သင်ဟာ Android app တွေကို pc ပေါ်မှာ Run ချင်တဲဆိုရင် ဒီ Program ဟာ တော်တော်လေးကို အထောက်အကူပြုပါလိမ့်မယ်။ဒီ Program ကို အသုံးပြုပြီး သင့်ရဲ့ Desktop နှင့် Laptop ပေါ်မှာ Android app,game တွေကို အသုံးပြုနိုင်မှဖြစ်ပါတယ်။


Android App တွေ Game တွေကို အသုံးပြုနိုင်တဲ့ YouWave,BlueStaks တို့လို Program တွေရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အခုပြောပြမှာ က Ice Cream Sandwhich Android 4.0 OS ကိုသင့်ရဲ့ PC ပေါ်မှာ Run နိုင်တဲ့  SocketeQ  အကြောင်းကိုပြောမှာ ဖြစ်ပါတယ်။



ဒီ Program ကို WindowsAndroid လို့လည်းခေါ်ပါတယ်။WindowsAndroid ကို Windows Vista, Windows 7, and Windows 8 တို့ပေါ်မှာ Install လုပ်ပြီး Android Application တွေကို Full Screen အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ပြီး ဒီ Program က Resolution ပေါင်းဆုံးကို Support လုပ်ပါတယ်။
input/output device တွေဖြစ်တဲ့ mouse နဲ့ keyboard တွေနဲ့ လည်းအလုပ်လုပ်နိုင်ပါတယ်။့် ဒီ Program ဟာ Development State မှာပဲ ရှိပါသေးတယ်။ဒါပေမယ့် စမ်းသုံးနိုင်မယ့် Tested Version ကတော့ ထွက်နေပါပြီ။တစ်ခုတော့ ရှိတယ် Google Play Store ကိုတော့ Hardware Recognize မလုပ်နိုင်လို့ Access လုပ်နိုင်ခြင်းမရှိပါဘူး။

Development State မှာပဲ ရှိသေးတာကြောင့် တရားဝင် ထွက်ပြီလို့တော့ကြေညာ ထားခြင်းမရှိသေးပါဘူး။တကယ်လို့ သင့်ဟာ စမ်းသုံးကြည့် ချင်တယ်ဆိုရင် SocketeQ  company Website site ရဲ့ Download Tab ကနေ WindowsAndroid ကို Download လုပ်နိုင်ပါတယ်။နောက်ပြီး ဒီ Software နဲ့ ပက်သတ် ပြီး အသေးစိတ် အချက်အလက် တွေသချင်ရင် တော့ ဒီ PDF File  ကို Download လုပ်ပြီး လေ့လာနိုင်ပါတယ်။

Post ရေးသားသူ - သူရအောင်

အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment