Android Phone သုံးသူတိုင်း
သူ့ဖုန်းလေးကိုမြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့လေး
(ပြောရရင်တော့
သွက်သွက်ကလေးပေါ့) ဖြစ်နေစေချင်ကြပါတယ်။
ဒါပေမဲ့ခက်တာက
ဖုန်းကသုံးနေရင်းသုံးနေရင်း လေးလေးလာတယ်။
ရဲ့အောက် OS တွေမှာ
သိပ်မသိသာပေမဲ့ ခုနောက်ထွက်လာတဲ့ Android 4.0
နောက်ပိုင်းမှာ
ဖုန်းကသုံးရင်းသုံးရင်း လေးလေးလာပါတယ်။ Game
များများဆော့တဲ့သူတွေဆိုပိုဆိုးတာပေါ့။ အကြောင်းကတော့ App
တွေများများ
သွင်းကြတယ်၊ Game တွေထည့်တာများလာတယ်၊ Internet သုံးလာကြတယ်၊
တပြိုင်ထဲ App တွေလိုတာထက် ပိုဖွင့်မိနေတာကို သတိမထားမိကြတာများတယ်၊
ဖုန်း
OS နဲ့ App တွေက Temp File တွေကိုရှင်းကြပေမဲ့ RAM ကိုအကောင်းဆုံး
Management မလုပ်မိကြဘူး။ ဒါကြောင့် (RAM ကြောင့်) စက်လေးပြီးနှေးနှေး
လာပါတယ်။ RAM က Ph မှာထပ်တိုးလို့မှမရပဲ။ ဒီတော့ ဖုန်းရဲ့ RAM
ကို
အကောင်းဆုံး အသုံးချနိုင်ရင် အဲဒီဖုန်းလေးသွက်ပြီး
သုံးရတာစိတ်ချမ်းသာ
လာမှာပါ။ ခုပြောမှာကလဲ RAM ကိုအကောင်းဆုံး
အသုံးချနိုင်အောင်
လုပ်ပေးတဲ့ Software လေးပါပဲ။ SuperCharger
လို့ခေါ်ပါတယ်။
SuperCharger = Speed + Multitasking!.... No more lag! No
more
launcher redraws! Smooth & Snappy!....It's the ONLY Complete
Memory
Management Fix!...There is NOTHING ELSE LIKE IT! တဲ့ဗျာ.
.
အင်း----ဒါလေးတော့ပြောချင်တယ်ဗျာ---
** ဖုန်းက ROOT လုပ်ပြီးဖြစ်ရပါမယ်။ Official StockRom ဆိုပိုကောင်းပါတယ်။
** Android Version ပေါ်မူတည်ပြီး အခြေအနေမတူနိုင်ပါ။
** လုပ်နေကြပုံစံမဟုတ်တဲ့အတွက် အခက်အခဲ(အနည်း/အများ)ရှိနိုင်ပါတယ်။
** Backup လုပ်ထားဖို့မမေ့ပါနဲ့၊ စက်ရဲ့အတွင်းပိုင်းကို ၀င်မွှေမှာဖြစ်တဲ့အတွက် သတိထားပါ။
** မိမိဆန္ဒအလျောက်သာလုပ်ပါ၊ အမှားတစ်ခုခုဖြစ်နိုင်ပါတယ်။
** Phone ကို Root ထားပြီးမှ Apps တွေသွင်းဖို့ 50MB လောက် Free Space ရှိရပါမယ်။
** BusyBox သွင်းပြီးဖြစ်ခဲ့ရင် အဲဒီအဆင့်ကိုကျော်သွားပါ(အချို့က
Root
ပြီးသားဆိုရင် BusyBox ရှိနေတတ်လို့ပါ)။ မရမှ အဟောင်းကိုပြန်ဖြုတ်ပြီး
BusyBox အသစ်နဲ့ပြန်လုပ်ကြည့်ပါ။
Installation အဆင့်ဆင့်ကတော့----------
အဆင့်(၁) Link ကနေ ဒေါင်းလို့ရလာတဲ့ SpeedUp ကို Unzip လုပ်၊
အဆင့်(၂) ဖိုင်(၅)ခုပါပါတယ်။ gscript Folder နဲ့ V6_SuperCharger-AOR Folder
(၂)ခုကို အဲဒီအတိုင်းပဲ
Phone SD ကဒ်ထဲတိုက်ရိုက်ထည့်(တိုက်ရိုက်နော်)။
နောက် Apk (၃)ခုဖြစ်တဲ့
stericson.busybox.126, os.tools.scriptmanager.80
နဲ့ gscript lite
ကိုဖုန်းမှာ ပုံမှန် App သွင်းသလို Install လုပ်ပါ။ SuperUser Request
တောင်းရင်ပေးလိုက်ပါ။
အဆင့်(၃) အပေါ်ကအဆင့်တွေအဆင်ပြေပြီဆိုရင်----
(၃-က) Phone App List မှာ BusyBox ကိုဖွင့်၊ SuperUser Request မေးရင်ပေး၊
အဆင့်(၃) အပေါ်ကအဆင့်တွေအဆင်ပြေပြီဆိုရင်----
(၃-က) Phone App List မှာ BusyBox ကိုဖွင့်၊ SuperUser Request မေးရင်ပေး၊
ဟိုလှည့်ဒီလှည့်
လုပ်နေရင်စောင့်၊ Welcome ဘာညာ Box ပေါ်လာရင်ပိတ်၊
BusyBox 1.20.2 ကို
/system/xbin မှာ Install လုပ်ပါ။( Ver တိုး/လျှော့လုပ်နိုင်ပါသည်)။
(၃-ခ) BusyBox
သွင်းတာအဆင်ပြေပြီဆိုရင် Phone App List ထဲက GScript Lite ကိုဖွင့်ပါ။ Menu နှိပ်ပါ။ Add Script ရွေးပါ။ Needs SU အမှန်ခြစ်နေရပါမယ်၊ Load File
နှိပ်ပါ၊ !Autostarts ----- ကိုရွေးပြီး Save နှိပ်ပါ။ ဒါဆို Script List မှာ !Autostarts ---
-လေးတိုးလာပါပြီ။ သူ့ကိုနှိပ်ပြီး Run လိုက်ပါ။ Finish ပြပြီဆိုရင် App ကပြန်ထွက်ပြီး
Phone ကို Restart ချလိုက်ပါ။
(၃-ဂ) အဲဒီအဆင့်ထိ Ok ပြီဆိုရင် Phone App List ထဲကနောက်ဆုံးကျန်တဲ့
SManager ကိုဖွင့်ပါ။ ထုံးစံအတိုင်း SuperUser ဆိုရင်တော့ Grant(or)Allow
ပေါ့။ ပြီးရင် SD Card ထဲမှာ ကိုထည့်ထားတဲ့ V6_SuperCharger-AOR Folder
ကိုရှာ၊ သူ့ထဲကိုဝင်၊ Open Recovery ကိုဆက်ဝင်၊ Scripts ကိုဆက်ဝင်၊ ကဲအဲဒီမှာ
တွေ့တဲ့ V6_SuperCharger ကို Select လိုက်၊ အပေါ်မှာအရိုးခေါင်းပုံ SU လေး
ကိုနှိပ်ပြီး Run နှိပ်ပေးလိုက်ပါ။ စာတန်းတွေအများကြီးတက်လာတာစောင့်....
After Reboot ဘာညာပေါ်လာရင် App ကိုအဆင့်ဆင့်ထွက်ပြီး Phone ကို Restart ချလိုက်ပါ။ ၀ူး...........
အဆင့်အားလုံးအောင်အောင်မြင်မြင်ဆိုရင်တော့ အသွက်ဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ပါပြီဗျာ။---
ကဲအဲဒီလိုလုပ်ပြီးအောင်မြင်သွားတဲ့သူတွေ ဘာပြောကြသလဲကြည့်ရအောင်----
Memorable User Comments:
"Feels like I have a new phone!"
"V6 is one the best things to come to android."
"Supercharger rocks bro, I'm actually mad I waited so long to do it..."
"I wish I hadn't upgraded yet"
"Now I can wait to upgrade",
"I was about to throw this phone through the wall",
"I was about to return it but now I don't have to",
"This cured my phone of cancer!"
"Oh man... just applied the V6 Supercharger Script by ZeppelinRox on my Android.. I think it fixed everything..",
"My phone is better than new!",
"my phones has turned god mode on or somthing",
"I never notice this at all, until I flash a new rom and realize its not there anymore lol."
( မူရင်း Link မှာကြည့်ချင်ရင် http://forum.xda-developers.com/showthread.php?t=991276 )
အောက်က Link မှာဒေါင်းကြပါ။ လိုတာအားလုံးစုစည်းပြီး Zip လုပ်ထားပါတယ်။ 2.1 MB ရှိပါတယ်။
ဒီမှာ SolidFiles
ဒီမှာ TusFiles
No comments:
Post a Comment