.
Android
Phone Application တွေကို Phone Internal Memory ထဲမှာ သွင်းတာများရင် Low on
space ပေါ်လာတယ်? စက်က သုံးရတာလေးလာပါတယ်။ Phone Internal Memory ကနေပြီး External
Memory Card ကိုသွင်းရွေ့ပေးတဲ့ Link 2 SD လေးပါ, (2) App 2 SD (move app to SD)
2.56
Android ဖုန်းတွေအတွက် ဆော့ဝဲတွေသွင်းတာများလို့ ဖုန်းသုံးရတာမလေးအောင် ကူညီပေးမယ့်
Link2sd
ဒီ
application
လေးကို
ကျွန်တော်ပေးရတဲ့ ရည်ရွယ်ချက်က Android version 2.1 ပဲ၇ှိတဲ့ ဖုန်းတွေမှာ App2sd လို့ခေါ်တဲ့
application တွေကိုဖုန်း internal memory ထဲမှာမသွင်းဘဲ sd card ပေါ်မှာ သွင်းတဲ့
function မပါပါဘူး။ အဲဒီဖုန်းတွေအတွက် အခုပေးတဲ့ application ကအလွန်သင့်တော်မှာပါ။
ဖုန်း internal memory ထဲမှာ သွင်းတာများရင် စက်က သုံးရတာလေးလာပါတယ်။ အဲဒီတော့ ကိုယ်သွင်းချင်တဲ့
application တွေကို sd card ပေါ်မှာ install လုပ်ထားတာအကောင်းဆုံးပါပဲ။ သွင်းနည်းကို
အောက်မှာပြောပြပါမယ်။ အရင်ဆုံး link2sd လေးကို အရင်ယူထားလိုက်ပါဦး။
Link2sd ကိုရယူရန်
link2sd ကိုယူပြီးပြီဆိုရင် ဖုန်းထဲမှာ အရင်သွင်းထားလိုက်ပါ။ ဒါပေမယ့် link2sd ကို သုံးလို့ရသေးမှာမဟုတ်ပါဘူး။ သူက second partition not found ဆိုပြီးသတိပေးပါလိမ့်မယ်။အဲဒီတော့ အရင်ဆုံး ဖုန်းရဲ့ sd card ကို partition နှစ်ပိုင်း ပိုင်းရပါမယ်။ တစ်ပိုင်းက သာမန်အသုံးပြုတဲ့အတိုင်း သီချင်းထည့်တာတွေ ၊ ဖိုင်တွေသိမ်းတာတွေအတွက်ဖြစ်ပြီး
အခု နောက်ထပ်ပိုင်းရမယ့် partition ကတော့ sd card ပေါ်မှာ application တွေသွင်းဖို့ဖြစ်ပါတယ်။ Link2sd နဲ့သွင်းဖို့ partition ပိုင်းထားရပါမယ်။
partition ပိုင်းဖို့ကို Mini Partition Wizard Home Edition ဆော့ဝဲကိုသုံးပါ။ အဲဒီ software နဲ့ ပိုင်းရတာက သူက size သေးပြီး sd card ထဲက ရှိပြီးသား data တွေကိုလည်း ဖျက်စရာမလိုပါဘူး ၊အဲဒါက ကွန်ပျူတာ ထဲမှာသွင်းရမှာပါ။အောက်မှာရယူလိုက်ပါ။

Mini
partition wizard Home Edition ကိုကွန်ပျူတာထဲမှာသွင်းပြီးပြီဆိုရင် ဖုန်းရဲ့ sd
card