♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Sunday, January 12, 2014

ဂျင်း၏ အာနိသင်

အချဉ်ဖောက်ထားတဲ့ ဂျင်း၏ အာနိသင်
အချဉ်ဖောက်ထားတဲ့ ဂျင်း၏ အာနိသင်

အချဉ်ဖောက်ထားတဲ့ ဂျင်း စားသုံးချင်းဖြင့် . . . ၉၆ပါးရောဂါ ခန္ဓာကိုယ်တွင် မ၀င်နိုင် ။
အစာခြေအား ကောင်းစေတယ် ။
သွေးလည်ပတ်မှု ကောင်းစေတယ် ။
သွေးထဲက အဆီကိုချပေး ခြင်း ။
လေးဘက်နာရောဂါ ၊
အဆစ်အမြစ်နာရောဂါ အတွက် ကောင်းစေတယ်။
အတွင်း ကလီဇာများ မှတ်ဥာဏ်စွမ်းရည်ကောင်းစေပြီး
ကိုယ်ခံစွမ်းအားလည်း ကောင်းစေပါတယ် ။

လတ်ဆတ်တဲ့ ဂျင်းကို အချဉ်ဖောက်နည်း ။ ။

1 ။ အရင်းဦးဆုံး လတ်ဆတ်တဲ့ ဂျင်းကို ပါးပါးလှီးပါ ။ ဂျင်းကို ထူထူလှီး စရာမလိုပါ။ အခွံလည်း
ချွတ်စရာမလိုပါ ။ ဒါပေမယ့် ညီညီညာညာ လှီးဖို့ လိုပါတယ်။

2 ။ လှီးပြီးသား လတ်ဆတ်တဲ့ ဂျင်းပါးပါး တွေကို ပုလင်း ထဲထည့်ပါ . . . ဆန် နဲ့ လုပ်ထားတဲ့
ရှာလကာရည် ကို ပုလင်းထဲ လောင်းထည့်ပါ။ သတိထားရမယ့် အချက်က အဲ့ဒီ သုံးမယ့် ပုလင်း
ကို သန့်အောင် ဆေးကြောပါ ။ ပုလင်းထဲမှာ အဆီမရှိရပါ ။ လတ်ဆတ်တဲ့ ဂျင်း အာနိသင်
ဓာတ်ပျက် သွားနိုင်တယ် ။ ဆန် ရှာလကာရည်ကို ဂျင်းမြုပ်အောင် ထည့်စိမ်ရမယ် ။ ဂျင်းများ
အပြင် မထွက်စေရပါ ။ ထို့နောက် အဖုံးကို လုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။
အေးခဲလွန်းတဲ့ နေရာတွင် ထည့်စရာမလိုပါ ။

3 ။ ၇ ရက်ပြည့်တာနဲ့ စပြီး အချဉ်ဖောက်ထားတဲ့ ဂျင်းပါးလေးတွေ နေ့တိုင်း ၂ ပါး ကနေ ၄ ပါးထိ
ထိ စားနိုင်ပါတယ် ။

အအေးပတ်ခြင်း

“ချင်း(ဂျင်း)" စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်


ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုးမှားခြင်းမှ ကာကွယ်ရန်အတွက် ချင်းကို နေ့စဉ် စားသုံးပေးသင့်သည်။  ချင်းတက် အစိုကို အိမ်ရှင်မများက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးလေ့ရှိသည်။ ချင်းခြောက်ကို ပရဆေးပစ္စည်းအဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်း ပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာရောဂါကို ကာကွယ်စေနိုင်သည်ဟု ဖတ်ရှုရသည်။ ချင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ်သာမက အစာကြေစေရန်အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။ အအေးပတ်သူနှင့် ရေချိုးမှားသူများ၏ ကိုယ်တွင်း ငုတ်လျိုးသွားသော အပူဓာတ်ကို ကြေသွားစေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ချင်းတက်ကို ခပ်ပါးပါးလှီးဖြတ်ပြီး ချင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက်သုံးရွက်တို့ကို ဆား အနည်းငယ်ထည့်ပြီး ရေနွေးမတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေးသုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံးအကြီးတွင် လောင်းထည့်ပါ။ ချင်းပြုတ်ရည်ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူမှုတ်သောက်ပါ။

မျက်နှာတွင် ချွေးများစို့လာပြီး အအေးပတ်ခြင်း၊ နှာစေးခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်းများကို ချက်ချင်း သက်သာစေနိုင်သည်။ အမျိုးသမီးများ၊ ဓမ္မတာလာချိန်တွင် အအေးပတ်၍ သွေးမဆင်းနိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ အတွက်လည်း ချင်း၊ ထန်းလျက် ပြုတ်ရည်သည် ထိရောက်သော ဆေးတစ်လက် ဖြစ်သည်။ ချင်းတတ်၏ အပူကြောင့် သွေးဆင်း မှန်ကန်စေသည်။ ထန်းလျက် အမည်းတွင် သံဓာတ်ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင်သည်။ ချင်းနှင့် ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထားသင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအား မကောင်းသူများသည် အေးသော ရာသီဥတုတွင် ချင်းသုတ်ကို နေ့စဉ်စားသုံးသင့်သည်။ ချင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံးရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာ ဖြစ်သည်။ ရှေးတိုင်းရင်း မြန်မာဆရာကြီးများက အေးသော ဥတုတွင် အစာကြေပြီး အခိုးပွင့်စေသည့် (၁) ချင်း၊ (၂) ပိတ်ချင်း၊ (၃) ငရုတ်ကောင်းဟူသော အစပ်သုံးပါး စားရမည် ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါးဓာတ်စာအဖြစ် အလွယ်တကူ ရနိုင်သည်။ အအေးပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက်သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကိုပါ ကာကွယ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

Is my Bootrom Old or New?

 



ဒါလေးကတော့မသိသေးသောသူများအတွက်တင်ပေးလိုက်ပါတယ်…
3GS တွေကို ခွဲခြားနည်းပေါ့နော်….
ဟိုးအရင်ထုတ်ခဲ့တဲ့ ဖုန်းတွေကို Old Boot Rom လို့ခေါ်ပါတယ်….
နောက်ထုတ်တဲ့ 3GS များကိုတော့ New Boot Rom ပေါ့နော်……
ဖုန်းတွေကိုဆင်တူနေတော့ခွဲခြားရခက်တာပေါ့နော်…….
ဒီတော့ခွဲခြားဖို့နည်းနှစ်ခုပေးလိုက်ပါမယ်…..

Serial Number Method နဲ့ Model Number Method ဆိုပြီးနှစ်နည်းရှိပါတယ်….
ဖုန်းကိုပါဝါဖွင့်လိုက်ပါမယ်…..
Setting ကိုသွားလိုက်ပါ…..
General ကိုသွားလိုက်ပါ။
About ကိုထပ်သွားပါ။
Model Number Method ကတော့ Model number မှာ MB နဲ့ MC ကိုခွဲခြားပြီး
ကြည့်ရတာကိုပြောတာပါ…..

MC နဲ့စတဲ့ MC135LL ကတော့ New Boot rom ပါ။
MB နဲ့စတဲ့ MBC135LL ကတော့ Old Boot rom ပါ။

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်


မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။



IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=
အောက်ပါအတိုင်းပေါ်လာပါမယ်။