♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Sunday, January 12, 2014

ဂျင်း၏ အာနိသင်

အချဉ်ဖောက်ထားတဲ့ ဂျင်း၏ အာနိသင်
အချဉ်ဖောက်ထားတဲ့ ဂျင်း၏ အာနိသင်

အချဉ်ဖောက်ထားတဲ့ ဂျင်း စားသုံးချင်းဖြင့် . . . ၉၆ပါးရောဂါ ခန္ဓာကိုယ်တွင် မ၀င်နိုင် ။
အစာခြေအား ကောင်းစေတယ် ။
သွေးလည်ပတ်မှု ကောင်းစေတယ် ။
သွေးထဲက အဆီကိုချပေး ခြင်း ။
လေးဘက်နာရောဂါ ၊
အဆစ်အမြစ်နာရောဂါ အတွက် ကောင်းစေတယ်။
အတွင်း ကလီဇာများ မှတ်ဥာဏ်စွမ်းရည်ကောင်းစေပြီး
ကိုယ်ခံစွမ်းအားလည်း ကောင်းစေပါတယ် ။

လတ်ဆတ်တဲ့ ဂျင်းကို အချဉ်ဖောက်နည်း ။ ။

1 ။ အရင်းဦးဆုံး လတ်ဆတ်တဲ့ ဂျင်းကို ပါးပါးလှီးပါ ။ ဂျင်းကို ထူထူလှီး စရာမလိုပါ။ အခွံလည်း
ချွတ်စရာမလိုပါ ။ ဒါပေမယ့် ညီညီညာညာ လှီးဖို့ လိုပါတယ်။

2 ။ လှီးပြီးသား လတ်ဆတ်တဲ့ ဂျင်းပါးပါး တွေကို ပုလင်း ထဲထည့်ပါ . . . ဆန် နဲ့ လုပ်ထားတဲ့
ရှာလကာရည် ကို ပုလင်းထဲ လောင်းထည့်ပါ။ သတိထားရမယ့် အချက်က အဲ့ဒီ သုံးမယ့် ပုလင်း
ကို သန့်အောင် ဆေးကြောပါ ။ ပုလင်းထဲမှာ အဆီမရှိရပါ ။ လတ်ဆတ်တဲ့ ဂျင်း အာနိသင်
ဓာတ်ပျက် သွားနိုင်တယ် ။ ဆန် ရှာလကာရည်ကို ဂျင်းမြုပ်အောင် ထည့်စိမ်ရမယ် ။ ဂျင်းများ
အပြင် မထွက်စေရပါ ။ ထို့နောက် အဖုံးကို လုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။
အေးခဲလွန်းတဲ့ နေရာတွင် ထည့်စရာမလိုပါ ။

3 ။ ၇ ရက်ပြည့်တာနဲ့ စပြီး အချဉ်ဖောက်ထားတဲ့ ဂျင်းပါးလေးတွေ နေ့တိုင်း ၂ ပါး ကနေ ၄ ပါးထိ
ထိ စားနိုင်ပါတယ် ။

No comments:

Post a Comment