♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Monday, November 11, 2013



ဒီနည်းလမ်းလေးကတော့ windows 7 ရဲ့ အသံပြဿနာ အဖြေရှာနည်းတွေထဲက တစ်နည်းဘဲဖြစ်ပါတယ်။
မေး။  ။myint wai: အကို ကျွန်တော် window audio မှာလုပ်ကြည့်လဲမရဘူး Realtek audio မှာinstall လုပ်လဲမရဘူး window ပြန်တင်ဖို့လို့မလား နားမလည်လို့ပါ ပြောပြပေးပါအုံးနော် အကိုမအားလို့လား နေ့တိုင်းအကိုဘာ ပြန်ပြောမလဲဘဲစောင့်တယ်။
ဖြေ။ ။ညီလေးရေ အကိုလဲမအားသေးတာနဲ့ အခုမှပြန်ဖြေပေးနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်. နည်းလမ်းတွေထဲကမှ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းလေးဖြစ်လို့  စမ်းသပ်ကြည့်လိုက်ပါ. အောက်မှာ အကိုတစ်ဆင့်ခြင်းလုပ်ရမှာတွေကို ရှင်းပြပေးထားပါတယ်။ ဒီနည်းလမ်းလေးက မိမိစက်မှာ အင်တာနက်ချိတ်ဆက်ထားဖို့ တော့လိုအပ်မှာဖြစ်ပါတယ်. စိတ်ဓါတ်မကျပါနဲ့ ဝင်းဒိုး ၇ အသုံးပြုတဲ့ လူတိုင်းလိုလို ဒီလိုအသံမလာတဲ့ပြဿနာ ကိုကြုံတွေ့ ကြ ရပါတယ်. 
1.start / search / gpedit.msc / enter.
2.computer configuration / administrative templates / system / device installation / device installation restrictions / အပေါ်ဆုံးက allow administrators to override device installation restriction policies ကို Enabled / apply / OK.
3.ပြီးရင် အောက်ဆုံးမှာ prvent installation of devices not described by other policy setings ကို Enabled / apply / OK .
4.အထက်ပါအဆင့်တွေပြီးရင် ၎င်း ဘောက်ကိုပိတ်လိုက်ပါ။

ဆက်သွားပါအုံးမယ်...

5. Computer / Right Click / Manage .
6. Computer Management ဘောက်ကျလာရင် / Device Manager ကို double click / ညာဘက်မှာ Sound , video and game controllers အောက်မှာရှိနေတဲ့ High Definition Audio Device ပေါ်မှာ Right Click / Uninstall / OK.
7. Computer Management ဘောက် ရဲ့ နောက်ဆုံး icon ပုံ ( scan for hardware changes ) ကို Click လိုက်ပါ။
8. Other devices ကိုရှာပါ. သူ့ အောက်က Audio Device on High Definition Audio Bus ပေါ်မှာ Right Click / Update Driver Software ကို Click ပေး / Search automatically for updated driver software ကို Click ပြီးခဏစောင့်နေပေးပါ။
 9. installing driver software လုပ်ပြီးရင်တော့ မိမိတို့ ကြုံ တွေ့ နေရတဲ့ windaws 7 audio ပြဿနာ ဖြေရှင်းပြီးသွားတာကို တွေ့ ရပါလိမ့်မယ်.

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. အဆင်မပြေခဲ့ရင်လဲ ပြန်ပြောခဲ့ကြပါအားမနာပါနဲ့ ...ကျနော်အားတာနဲ့ အဖြေရှာပြီးတင်ပေးပါမယ်.

ကျေးဇူးတင်ပါတယ်...

No comments:

Post a Comment