♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Tuesday, September 24, 2013

iOS 5.1.1 အတွက် MMKeyboard 

iOS 5.1.1 အတွက် ဇော်ဂျီလက်ကွက်ကို ကိုမိုးဇက် က မနေ့ က Update လုပ်ပေးလိုက်ပြီ ဖြစ်လို့  မြန်မာလက်ကွက်မှာ ဘာပြဿနာမှ မတွေ့ ရတော့ပဲ စိတ်ချမ်းချမ်းသာသာ သုံးနိုင်ကြပါပြီ။ အရင် Cydia ထဲမှာ cydia.macforus.com ကို သွင်းထားပြီးသားသူများ အနေနဲ့  အဲဒီ Source ကို Delete လုပ်ပြီးမှ http://cydia.macforus.com ကို အသစ်ပြန်လည် Add ကြပါ။
Continue Reading....

iOS 5.1.1 နှင့် ဇော်ဂျီလက်ကွက်

မနေ့ ညကပဲ iPad 2 iOS 5.1.1 ကို လွယ်ကူ အောင်မြင်စွာ jailbreak လုပ်နိုင်ခဲ့ပါပြီ။
Jailbreak လုပ်ဆောင်ပြီးနောက် မြန်မာဖောင့်များ ကီးဘုတ်များ ကို iOS 5.1 တုန်းကအတိုင်း Font for iOS 4.3 ကို အရင် သွင်းပြီးမှ MM Keyboard for iOS 5 ကို သွင်းပေးလိုက်ရုံပါပဲ။
Continue Reading....

iOS 5 Myanmar Keyboard For All..

iOS 5 နဲ့ အထက် iDevces များဖြစ်ကြသော iPhone, iPod Touch, iPad 1,2 တို့အတွက် လုံးဝ အလုပ်လုပ်သော ဇော်ဂျီ မြန်မာလက်ကွက် အသစ် ရရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
Continue Reading....

Saturday, February 4, 2012

Myanmar Keyboard for iOS 5.0.x

iOS 5.0 ကစပြီး မြန်မာစာ ကီးဘုတ် မရတော့လို့ စာရေးရတာ အခက်အခဲဖြစ်နေကြတဲ့ မိတ်ဆွေများ အတွက် ယနေ့တော့ မြန်မာစာ ကီးဘုတ် လက်ကွက် အသစ်တစ်ခု ထွက်လာပါပြီ။ MyanmarKeyboard for iOS 5.x ကို ရေးသားပေးတဲ့ Developer ကတော့ ကိုသန့်သက်ခင်ဇော် ဖြစ်ပါတယ်။

Continue Reading....

iOS 4.3 အထက် အဆင်ပြေဆုံး မြန်မာဖောင့်သွင်းနည်း

iOS4.3.3/ 4.3.4 /4.3.5 တို့ မှာ မြန်မာဇော်ဂျီဖောင့် ထည့်သွင်းရာတွင် iPhone,iPod အတွက် အသစ်ထွက်ရှိလာသော New Keyboard နှင့် အဆင်မပြေ နေကြတယ်လို့  မကြာခဏ ကြားသိရပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့  နည်းလမ်းဟောင်း လေးကိုပဲ ပေါင်းစပ်သုံးပြီး ဖြေရှင်းလို့  ရနိုင်ပါတယ်။

Continue Reading....

Sunday, August 7, 2011

New Zawgyi Keyboard for iPhone/iPod iOS 4.3 Later

iOS4.3 နောက်ပိုင်း ဗာရှင်းများ သုံးထားကြတဲ့ iPhone, iPod Touch များအတွက် မြန်မာလက်ကွက် ကီးဘုတ်အသစ်ကို ကိုဝေလင်းဖြိုး က ရေးသားပြီး cydia.macforus.com မှာ update တင်ပေးထားပါပြီ။ လက်ရှိ install လုပ်ထားတဲ့ Zawgyi Keyboard for iPad ကို Remove ပြန်လုပ်ပြီး Zawgyi Keyboard iPhone/iPod ကိုပြန်လည် install လုပ်ပြီး အသုံးပြုနိုင်ကြပါပြီ..
Continue Reading....

iPhone အတွက် MM unicode font ရပြီ

မြန်မာဖောင့်တွေကို iDevice တွေပေါ်မှာ ဖတ်ရှုရန် ရေးသာရန် အစဉ်ကြိုးပန်းပေးနေသော ကိုစေတန် ကအခုလဲ MM unicode ကို iOS တွေပေါ်မှာ သုံးလို့ ရအောင် ရေးသားပေးလိုက်ပြန်ပါပြီ...
ဒီ MM unicode ကိုနိုင်ငံတစ်ကာ ကလက်ခံပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့  မြန်မာတွေအတွက် စံတစ်ခုရပြီပေါ့ဗျာ
ကျွန်တော်လဲ MM unicode စပေါ်ကထဲက ကျွန်တော့် Site ကို unicode font ပြောင်းပြီးရေးချင်ပေမယ့် ဇော်ဂျီလက်ကွက် က ကျွန်တော့ အတွက် ကျင့်သားရနေတာရယ် နေတာရယ်၊ စာဖတ်မိတ်ဆွေ တော်တော်များများမှာလဲ ဇော်ဂျီက ပိုအဆင်ပြေနေတာရယ် iOS အတွက် MM unicode font မရသေးတာရယ်ကြောင့် ကျွန်တော် မပြောင်းဖြစ်ခဲ့တာပါ။

ဒါပေမယ့် သိပ်မကြာခင်နောက်ပိုင်းမှာ ကျွန်တော် Site ကို MM unicode ပြောင်းတော့မှာ ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပါရစေ။

Continue Reading....

iOS4.2.1 တွင် မြန်မာလက်ကွက် ထည့်သွင်းနည်း

iOS 4.2.1 အတွက် ဇော်ဂျီဖောင့် ကို update လုပ်ပြီးပြီဖြစ်လို့  ဖောင့် နှင့် ကီးဘုတ် ထည့်သွင်းခြင်းမှာ အရင်ပုံစံလို မရှုပ်ထွေးတော့ပါဘူး အခြား မည်သည့် Application အကူညီမှလဲ မလိုတော့ပါဘူး၊ ဇော်ဂျီဖောင့်ကို အမြဲ Update လုပ်ပေးနေသူက "ကိုစေတန်"ပါ...

Continue Reading....

Sunday, November 28, 2010

iOS 4.1 အတွက် မြန်မာ လက်ကွက် ထည့်သွင်းနည်း

အချိန်အတော်ကြာကြာ စောင့်စားခဲ့ရတဲ့ မြန်မာ စာရိုက်စနစ် Keyboard ကို iOS 4.1 အတွက်ထွက်ရှိလာပါပြီ ကိုစေတန် ရဲ့  အားထုတ်မှုနဲ့  မရှေးမနှောင်းလေးမှာ ကိုဝေလင်းဖြိုး ကနေပြီးတော့ iPhone(iOS4.1) တွေအတွက် မြန်မာလက်ကွက်စနစ် (zawgyi Keyboard) ကို ရေးသားပေးခဲ့ပါပြီ... ကိုစေတန် နှင့် ကိုဝေလင်းဖြိုးကို အထူးလေးစား ကျေးဇူးတင်လိုက်ကြရအောင်ပါခင်ဗျာ...
iOS 4.2 အတွက် ကတော့ ကိုဝေလင်းဖြိုး ရေးနေဆဲလို့  သိရပါတယ်....

လောလောဆယ် မှာတော့ ကိုစေတန် နှင့် ကိုဝေလင်းဖြိုး တို့ ရဲ့  Zawgyi keyboard စနစ် နှစ်ခုရှိနေပါတယ် အဲဒီအထဲကမှ ကိုဝေလင်းဖြိုးရဲ့  စနစ်ကို တင်ပြပေးပါရစေ...

ဘာကြောင့်လဲလို့  ဆိုရင်တော့ ကိုစေတန် က zawgyi keyboard စနစ် project ကို သူ့ ရဲ့  Zawgyi Keyboard iOS 4.1(alpa) ရေးလို့ အပြီးမှာ ဆက်လက်မရေးတော့ဘူးလို့ အတိလင်းပြောကြားသွားခဲ့တဲ့ အတွက် နောက်ပိုင်း တွေမှာ အဆင်ပြေစေချင်တဲ့ သဘောသက်သက်ပါ မြန်မာစာနှင့် လက်ကွက်ကို iPhone မှာ စတင် ကြိုးစားပေးခဲ့တဲ့ ကိုစေတန်ကို အစဉ်လေးစားလျှက်ပါ...

Zawgyi Keyboard For iOS 4.1 ထည့်သွင်းနည်း

၁) သင့် iPhone(iOS 4.1) သည် Jailbroken ဖြစ်ရပါမယ်
၂) သင်မှာ ယခင်က zawgyi Font သွင်းပြီးသား ဖြစ်ပါက
    Cydia --> Manage --> Sources --> cydia.macforus.com --> Zawgyi Keyboard iOS (only for iOS 4.1) အောက်ဆုံးမှာ အသစ် အနေနဲ့ တွေ့ ရပါမယ်
    Install လုပ်ပေးလိုက်ပါ Install လုပ်ပြီးပါက အောက်ပါပုံ အတိုင်းတွေ့ ရပါမယ်



*** Font အခုမှ စသွင်းမည့်သူများ အတွက် ***
၁) Cydia --> Manage --> Sources --> Edit --> ပေါ်လာသော နေရာတွင် http://cydia.macforus.com ဟု ရိုက်ပေးလိုက်ပါ
၂) Zawgyi Font iOS ( only for iOS >= 3.2) နှင့် Zawgyi Keyboard iOS (only for iOS 4.1) နှစ်မျိုးစလုံးကို တစ်ခုချင်း Install လုပ်ပေးလိုက်ပါ

*********************************
အောက်ပါ အဆင့်များကို ဆက်ရန် သင့် အတွက် iFunBox Software တစ်ခု လိုအပ်ပါတယ် အောက်မှာ Download အရင်ရယူပါ...

zawgyi keyboard ကိုလည်း  PC မှာ Download လုပ်ပြီး၊ ရလာသော Zip file ကို ဖြည်ထားပါ (myankey) Folder တစ်ခုနှင့် KeyboardTitles.strings (File) တစ်ခု ရပါလိမ့်မည်။

Zawgyi Kerboard Download HERE!!!

Download "iFun Box" HERE!!!

၁) iFunBox.exe ကို Run လိုက်ပါ
၂) iPhone ကို PC နှင့် ချိပ်ဆက်ပါ၊ iTune တက်လာပါက ပိတ်ပစ်ပါ
၃) iPhone icon ကို Select နှိပ်လိုက်ပါ အောက်ပါအတိုင်းတွေ့ ရမည်


၎) myankey folder ထဲမှ file များကို System/Library/Frameworks/UIKIT.Framework/ ထဲသို့  Copy ကူးရန် အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...



 







၅) KeyboardTitles.strings ကို Applications/Preferences.app/English.lproj/ ထဲသို့  Copy ကူးရန်
   အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...







******************************

zawgyi keyboard (iOS4.1) Install လုပ်ငန်းစဉ် ပြီးဆုံးပါပြီ..

သင့် iPhone ကို Reboot ပြန်လုပ်ပေးလိုက်ပါ..

****************************************

ယခု zawyi keyboard ကို iPhone မှာ Setting ချရန် ဆက်လက်လုပ်ဆောင်ပါ...

၁) iPhone မှ Setting --> General --> Keyboard --> International Keyboards -->
    Add New Keyboard --> Thai  ကိုရွေးပေးလိုက်ပါ။
    "Myanmar-Zawgyi" နှင့် "Myanmar-Alphabetical-Order" ဆိုပြီးတက်လာရင် "Myanmar-Zawgyi"   ကိုသာရွေးပေးလိုက်ပါ....

    ကဲ.. ရိုက်ချင်သလောက်သာ ရိုက်ကြပေတော့ဗျို့  .....

မိုးသိကြား

iPhone,iPad အတွက်မြန်မာ ကီးဘုတ်...


မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး lunch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။
Continue Reading....

မြန်မာလို မရ ရအောင် ရိုက်ကြမယ်


iOS 3.1.3 နောက်ပိုင်း Firmware တွေက စပြီး ခုလက်ရှိ iOS 4.1/4.2 အထိ မြန်မာစာ ဇော်ဂျီဖောင့်ကို ဖတ်ရုံသာဖတ်နိုင်ပြီး မြန်မာလက်ကွက် Keyboard မရနိုင်သေးတဲ့ အတွက် မြန်မာစာ ရိုက်လို့ မရသေးပါဘူး... ဒီလိုအခြေနေမှာ မဖြစ်မနေ မြန်မာစာရိုက်ချင်သော သူများအတွက် နည်းလမ်းလေး တစ်ခုတင်ပြချင်ပါတယ်... ဒီနည်းလေးကတော့ "လိုလျှင်ကြံဆ နည်းလမ်းရ" ဆိုသော စကားနဲ့ အညီ မြန်မာတို့ ရဲ့ ထုံးစံအတိုင်း ဖြတ်ထိုးဉာဏ်သုံးတဲ့ နည်းလမ်းလေးဖြစ်လို့  မြန်မာစာဖတ်လို့ ရသော မည်သည့် iPhone မှာမဆို အသုံးချလို့ ရပါတယ်...

Continue Reading....

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း ကို ကျွန်တော်ဖတ်ရှုထားတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် မစမ်းသပ်ရသေးတဲ့ အတွက် မည်သည့် အရာမျှဝင်ရောက်ဖြည့်စွက်ထားခြင်း မရှိပဲ မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်. . .



iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။
လိုအပ်ချက်
OS : 3.0 >= Type : Jailbreak Installer : Cydia Internet : Require Add Repo in Cydia
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
http://cydia.macforus.com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့်
Zawgyi Keyboard
ဆိုပြီး ၂ ခုရှိပါသည်။ Package Installation
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။
အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။
၁။ English စာတွင် autocorrect မဖြစ်တော့ခြင်း။
၂။ keyboard အတက်နှေးခြင်း။
၃။ အခိျု့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။
သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။
ဗွီဒီယိုဒီမှာကြည့်ရန်
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ0x081ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ0x081စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။ How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။
ပါဝင်ဆောင်ရွက်ကူညီပေးသူ
ဦးသောင်းစုငြိမ်း
ပြည့်ဖြိုးအောင် (Zack)

No comments:

Post a Comment