♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Saturday, August 31, 2013

မြန်မာပြည်မှာ ဒုက္ခအပေးဆုံး Malware ကိုဖယ်ရှားပေးမယ့် Win32/Sality Remover 1.2.0.616 ( 4 MB )

Virus နာမည်က Win32/Sality ကွန်ပျူတာ System ပိုင်းကို ဖျက်ဆီးတဲ့အထဲမှာ Malware အုပ်စုဝင်ဖြစ်ပါတယ်..သူတို့ ၀င်ရောက်လာပြီဆိုရင် Exe ဖိုင်တွေမှာ ၀င်ညိမယ်..စက်ကိုတော့ လေးအောင်မလုပ်ဘူး..သူတို့တွယ်ညိနေတဲ့ Exe ဖိုင်တွေဟာ
အကောင်းအတိုင်းသုံးလို့ရနေမယ်...သူတို့ရှိတဲ့စက်မှာ Memory Stick ထိုးမိရင် Memory Stick ထဲမှာ
RECYCLER ဆိုတဲ့ Folder တစ်ခုရယ် Copy Of ShortCut To (1,2,3,4 ) ဆိုတဲ့ဖိုင်လေးဖိုင်ရောက်လာ
ပြီး Stick ထဲမှာ ရှိတဲ့ ဖိုလ်ဒါတွေ..Exe ဖိုင်တွေ ကို အကုန်တွယ်ကပ်ပါတော့တယ်..Network ချိတ်ဆက်ထား
တဲ့ကွန်ပျူတာတွေအတွင်းမှာလည်း ကူးစက်နိုင်ပြီး အင်တာနက်လိုင်းနှေးကွေးအောင်ပြုလုပ်ခြင်း..
ဂိမ်းချိတ်ဆက်ကစားနေစဉ်အတွင်း NetWork TimeOut ဖြစ်အောင်ပြုလုပ်ခြင်း..စတဲ့ လက္ခဏာများပြ
ပါတယ်..အဆိုးဆုံးကတော့ သူတို့ဝင်ရောက်နေတဲ့ကွန်ပျူတာမှာ ဘယ် Antivirus မှအသစ်တင်လို့မရတော့
တာပါဘဲ..တင်လိုက်ပြီဆိုရင်လည်း အဲဒီ Antivirus က ဖွင့်မရတော့ပါဘူး...အဲလောက်ကို စိတ်ဒုက္ခပေးတဲ့
Malware ပါ..တော်တော်များများလဲ ကြုံဖူးကြမှာပါ..ဒေတာတွေကိုဖျက်တယ်..Exe တွေကို ဖျက်ပစ်တယ်
.ဒီလို Malware ကပ်ညိတာခံနေပြီဆိုရင် ရှင်းထုတ်ဖို့ Remover Tool လေးတင်ပေးလိုက်ပါတယ်..ဒါလေးနဲ့
သာရှင်းလိုက်ပါ အဆိုပါ Malware တွေအကုန်သေသွားပါလိမ့်မယ်.ဒါနဲ့ ရှင်းပြီးဘီဆိုမှ Antivirus နဲ့ပြန်စစ်ပါ..Antivirus နဲ့အရင်မစစ်ပါနဲ့...တင်ထားသမျှ Software တွေကို Virus ဆိုပြီး အကုန်ပလုံ ပစ်ပါလိမ့်မယ်.. :-D .ဆောင်လဲဆောင်ထားကြပါ..မြန်မာ
ပြည်မှာ အပြန့်နှံ့ဆုံးနဲ့အတွေ့များဆုံး Malware , Virus များဖြစ်တဲ့အတွက်ကြောင့်ပါခင်မျာ..

Link သုံးခုပေးထားပါတယ်..ကြိုက်ရာ လင့်ကနေဒေါင်းပါ။

No comments:

Post a Comment