♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Sunday, November 24, 2013

Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application ပါ

မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application ပါ


မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application လေးတင်ပေးလိုက်ပါတယ်... ပေးထားတဲ့ဖိုင်ကိုဒေါင်းပြီး ရလာတဲ့ ZIP ဖိုင်ကို SD Card ထဲသို့ ထည့်ကာ CWM (Recovery Mode ) သို့ဝင်ပြီး Install လုပ်ပေးလိုက်ရုံဖြင့် အဆင်ပြေ သွားမှာဖြစ်ပါတယ်ခင်မျာ... တကယ့်ကို ၀မ်းမြောက်စရာလေးပါဘဲ.. Pattern Lock , Passwords Lock , Pin Lock ကျနေသူများအတွက်ကတော့ လုံးဝ အဆင်ပြေသွားတာပေါ့ဗျာ

 Pattern Lock , Passwords Lock , Pin Lock Application ကိုအောက်ကလင့်ကနေဒေါင်းယူနိုင်ပါတယ်

MediFire 

Computer PC မှာသုံးဖို့အတွက် Viber Portable (No Need to Download Again)

















 

Viber Software ကို PC မှာသုံးချင်တဲ့သူတွေအတွက် Viber PC Portable လေးပါ။
Viber Official Website က
ဒေါင်းလို့ရှိရင်တော့ နောက်ထက် Download ထပ်ဆွဲရပါတယ်။ ဒီကောင်လေးကတော့ ထပ်ဆွဲစရာမလိုတဲ့ Portable Version လေးပါ။
Download ဆွဲလို့ရလာတဲ့ File လေးကိုဖြည်ချပြီး Run လိုက်ရင် "License to Software City" ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Credit တော့မပေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Software City ဆိုတာက အရင်က ကျွန်တော် PC Games ခွေ အရောင်းဆိုင်ဖွင့်တုံးက သုံးခဲ့တဲ့ နာမည်မို့လို့ပါ။
Software မြို့တော် (Ko Aung Kyaw) ဆီက ကူးယူတယ်လို့ပြောခံရမှာစိုးလို့ပါ။ စိတ်မရှိကြပါနဲ့ခင်ဗျာ။ :)

ကဲလိုချင်ရင်တော့ အောက်က MEDIAFIRE Link မှာဒေါင်းလိုက်ကြနော်။

!!DOWNLOAD FROM MEDIAFIRE!!

RAR PASSWORD = softwarecity
                                    19.11.2013 နေ့ရက်မြတ်တွင်
 Mobile သင်တန်းကို လာရောက် သင်ကြားသောသင်တန်းသူ/သင်တန်းသား များနှင့်တကွ လာရောက်အားပေးကြသော သူငယ်ချင်းမိတ်ဆွေစစ် မိတ်ဆွေမှန် များနှင့်တကွ မိဘဆွေမျိုးများအားလုံးကို ဒီနေရာမှ ဂါရ၀ပြု ကျေးဇူးအထူးတင် ရှိကြောင်း ပြောကြားရင်း
(7)ရက် (8)နံသားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်းမေတ္တာပို့သအပ်ပါသည်။
                                   

ဖုန်း App(.apk) ကို computer မှာ မြင်အောင် လုပ်တဲ့ software လေး ပါ

 












Name : Muzhiwan
Version : 4.0.1
Size : 12.5 MB
Format : exe
O/S : Windows


ဒီ software က apk icon တွေကို PC ပေါ်မှာ ပေါ်စေဖို့အတွက်ပါ။ PC မှာ install လုပ်လိုက်ရင် ရပါပြီ။



Dropbox | MMZ |  Zippyshare | Solidfiles | Zibuu | Sharebeast | Tusfiles


(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်)

PCSuitတင်ပြီးAPKiconလးတွေမြင်ရမယ်



ကိုယ့်ရဲကွန်ပျူတာလေးမှာ Pc suit တွေဘယ်လောက်တင်ထားတင်ထား APK ဖိုင်တွေရဲ့ icon လေးတွေမြင်ရအောင် အောက်က software လေးကိုဒေါင်းပြီး Install လိုက်ပါ
မြင်ရပါလိမ့်မယ်♥ အောက်ကလင့်မှာ ဒေါင်းပါ♥

https://www.dropbox.com/s/q0ppl4l0db46lr9/mmpx.rar

မမြင်ရသေးဘူးဆိုရင် APK တစ်ခုခုကို right click နှိပ်ပြီး Properties ကိုသွားပါ။ General Tab မှ Change ကိုနှိပ်ပါ၊ ပြီးရင်တော့ ခုနက Install လုပ်လိုက်တဲ့ တရုတ် software လေးကိုရွေးလိုက်ပါ PC suit တွေကိုမရွေးပါနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ အဲသူကနေလဲ APK install လုပ်လို့ရသေးတယ်နော် ကလိကြည့်လိုက်ပေါ့

Thursday, November 21, 2013

Facebook အသုံးပြုနည်းစာအုပ်


cbox မှသူငယ်ချင်းတွေ ရေးထားတာတွေ့လို့ တင်ပေးလိုက်တာပါ။ facebookအကောက်လုပ်နည်းကနေအစ အသုံးပြုနည်း အစုံပါတဲ့အတွက် 
အသုံးလိုပါက ဒီမှာဒေါင်းယူ နိုင်ပါတယ်။

IT ခေတ် မြန်မာစကားပုံ


IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ




Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။



ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်

Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။



ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း

Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။



ဂါထာပေး တေးဖြစ်

မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။



ငါးစိမ်းမြင် ငါးကင်ပစ်

ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။



စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်

ဆေးရိုးသည် = Access Denied Page



ဆင့်ပါးစပ် နှမ်းပက်

ဆင့်ပါးစပ် = Internet Users

နှမ်း = Internet Bandwidth



ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး

မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D



တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်



တစ်ရွာ တစ်ကျီဆောက်သည်

ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်



ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်

ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။



ဒူးလောက်တင်မှ ရင်လောက်ကျသည်

Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။



နဂိုရှိမှ နကိုင်းထွက်သည်

Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။



ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)

မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။



ပျက်အစဉ် ပြင်ခဏ

MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)



ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်

ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...



ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ

ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။



ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း

ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။



မမှားသောရှေ့နေ၊ မသေသောဆေးသမား

မကျဖူးသော ကွန်နက်ရှင်လိုင်း....



မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။



ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ

Mac Book Air, Pro, iPad 2, iPhone 5



လင်းတလောက်တော့ ငှက်တိုင်းလှသည်

လင်းတ = မြန်မာပြည် ကွန်နက်ရှင်



လယ်ထွန်သွား နွားမေ့

အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။



လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)

ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)



ဝက်ဖြစ်မှ မစင်မကြောက်နှင့်

အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။



သန်းခေါင်ထက် ညဥ့်တိုးမနက်

Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။



သေချင်တဲ့ကျား၊ တောပြောင်း

မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။



အုတ်ရောရော ကျောက်ရောရော

Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။



အရေးကြီးတော့ သွေးနီးရာ

အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။



အငိုလွယ်လျက် အရှိုက်ခက်သည်

Download လွယ်သလောက် Upload ခက်သည်။



အရူးမီးဝိုင်းသလို

တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။



အကြံတူရန်သူ

အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။



အနာပေါ်တုတ်ကျသည်

ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D

Viber Sticker PRO v1.1 For Android [6.1 MB]


https://lh4.ggpht.com/LxHot2iQCmvu_arid49bWAK88zJQH7yiURFUiBIWR2Ovv0JhX2AVDOraEKMzvZw2xA=h900

အခုတလော အသစ်ထွက်လာတဲ့ Viber 4.0 နဲ့အတူ Viber Sticker အသစ်တွေကို  Userတော်တော်များများ ဆီကို ပျံနှံ့ပြီး လူကြိုက်များခဲ့ကြတယ်ခင်ဗျ...၊ အခုတင်ပေးလိုက်တာလေးကတော့ Viber Version အသစ်တွက် Sticker အသစ်တွေကိုဘဲစုစည်းထားတဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ ပုံတွေကြည့်ရတာတော့ အတော်လေးကို စုံစုံလင်လင်ပါဝင်တာကိုတွေ့ ရပါတယ်ဗျာ။ ကျွန်တော်လည်းရရချင်းတင်ပေးလိုက်တာဖြစ်တဲ့အတွက်မစမ်းရသေး ပါဘူးဗျာ။ အခုမှစ သုံးကြည့်မလို့ ပါဘဲ။ အောက်က Link မှာဒေါင်းယူသွားကြပါနော်။
(ကျွန်တော် ပထမတစ်ခါတင်ပေးထားတဲ့ ပိုက်ဆံပေးဝယ်ရတဲ့ Sticker တွေနဲ့ မတူဘူးဗျ...၊အရင်ဟာကတော့Sticker တွေကို Image အနေနဲ့တင်ပေးထားတာပါ..၊ ကျွန်တော်အရင်တင်ပေးထားတဲ့ Sticker တွေကို တော့ "ဒီLink မှာ" သွားကြည့်လိုက်ပါခင်ဗျာ...၊
Credit To Original Creator
https://lh6.ggpht.com/Ca-YA1UMhcVCNvG-fedsABJbNeb_gN2m4alj5IoJMvAKBOR8Qp-nrJWrQD1cKqjoQtHs=h900



http://cdn8.staztic.com/app/a/2044/2044025/viber-sticker-emoticonskin-120726-5-s-307x512.jpg 

Myanmar Font မှန်အောင်လုပ်ပေးမယ့်.. Font Repair Tool


 Zawgyi Font Changer ( Z.F.C ) - screenshot

ဒီ App ကို Install ပြီးလျှင် ဖွင့်ပြီး (Font error) ကိုနှိပ်ပြီး အရင်ဆုံးဖတ်ပါ...။
(Android 4.1.xx တွင် မြန်မာစာ ဒုက္ခပေးနေတာကို ပြင်ဆင်ခြင်းဖြစ်ပါသည်။ မြန်မာစာ မှန်နေသော ဖုန်းများတွင် မပြုလုပ်ပါရန် အသိပေးအပ်ပါသည်) 
အညွှန်း : Android 4.1.2 ,4.2.2  များတွင်မြန်မာစာ Error ကိုရှာဖွေတွေ့ရှိခဲ့သော Developer Ko Kyaw Zaw Naing ကို ဒီနေရာကနေ အားလုံးရဲ့ ကိုယ်စား ကျွန်တော်က အရမ်းကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။

The Best Zawgyi Font Changer for Myanmar !!!  ဒီ app ကို အသုံးပြုဖို့ Device ကို Root လုပ်ထားရပါမယ်။ Busybox သွင်းပြီးသားဖြစ် ရပါမယ်။

Support: Android 2.1 and up ( All Android Brands )

Huawei,Sony,Samsung,Htc,LG....etc လူကြိုက်များသော Fontstyle (၇) မျိုးပါပါသည်။ Root,busybox ရှိပြီဆိုရင် လွယ်ကူစွာပဲ မြန်မာစာသွင်းနိုင်ပါပြီ။ Sony Device တွေအတွက် Font Error
(ျ)​ အ​ပေါ်တက်​တာ မဖြစ်​ပါ။ယခုသုံးထားတဲ့ Font တွေဟာ မူရင်း ဇော်ဂျီကိုဖုန်းတွေပေါ်မှာ စာလုံးတွေ
လှပအောင်၊အပေါ်အောက်မထပ်အောင်၊ ကြည့်ရတာလည်းရှင်းလင်းအောင်အ​သေးစိတ်ပြုပြင်ထားပါတယ်။

Zawgyi Font Changer ( Z.F.C ) - screenshot  Zawgyi Font Changer ( Z.F.C ) - screenshot

Device မှာလည်း မြန်မာစာကို နေရာတိုင်းမြင်ရပါမယ်​။
China language ​ပျောက်​​နေရင်​လည်း ဒီ Font ​တွေထည့်​တာနဲ့ ပြ​န်​မြင်​ရပါလိမ့်​မည်​။
Click Here to Download

မြန်မာFontမပါတဲ့ Phone တွေကို Built In မြန်မာစာစနစ်ထည့်သွင်းခြင်း





ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။
Version ကတော့ 4.2.2 ကိုတင်ထားပါတယ်…မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ်
ခဲ့ပါတယ်….အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပါပြီ…ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူငယ်ချင်းဆောင်းညီဦး(ပျဉ်းမနားသား)ကကျွန်တော့်ကိုSoftwareလေးတစ်ခုပေးတယ်။။။


သူကတော့HTC One ကိုင်ပါတယ်…သူ့ဖုန်းကလည်း Built In မြန်မာစာမပါဘူးဆိုတော့သူလည်းရှာတွေ့
ထားတာကိုကျွန်တော့်ကိုပြန်ပေးတယ်..သူ့ဖုန်းမှာတော့မြန်မာစာတချို့နေရာတွေမှာလွဲနေတာလေးတွေ

ရှိနေပါတယ်…ကျွန်တော့်Tabletလေးမှာတော့မြန်မာစာကDate&Timeမှာလောက်လွဲမှားပြီးကျန်တဲ့နေရာတွေမှာ
တော့မလွဲသလောက်ကိုရှိပါတယ်…..

ဒီအောက်ကScreen Shot လေးကကျွန်တော့်သူငယ်ချင်းဖုန်းလေးကိုစမ်းသပ်ထားတာပါ…..



ကဲဒီနည်းလေးကိုသိပြီးသားလူတွေလည်းရှိကောင်းရှိနိုင်ပါတယ်…
ကျွန်တော်ကတော့ခုမှာစမ်းသပ်ပြီးဖြစ်လို့နည်းပညာကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်….
ဒီကောင်လေးကထွေထွေထူးထူးမဟုတ်ပါဘူးးးAPKလေးတစ်ခုတည်းနဲ့ဘဲမြန်မာစာစနစ်ပြောင်းသွားမယ်ဆို
ရင်သင်ယုံမလားးးးး???
ကျွန်တော်တောင်အစကလုံးဝမယုံလို့စမ်းလိုက်တာတော်တော်မျက်လုံးပျူးသွားတယ်…



ဒီApp လေးကတော့ MoreLocale 2 လို့အမည်ရတဲ့အစွမ်းထက်တဲ့Appလေးဖြစ်ပါတယ်…
ဒီAppလေးကိုအသုံးပြုဖို့အတွက်Root Accessတော့ရှိရပါမယ်…

မှတ်ချက်။။ ။။ဖုန်းတိုင်းနှင့်အဆင်မပြေပါ…။Samsung တော်တော်များများနှင့်အဆင်ပြေပါလိမ့်မယ်…
Sony တစ်ချို့ဖုန်းတွေမှာလည်းအလုပ်လုပ်ပါတယ်..(Xperi Z မပါပါ)…
ဒီAppလေးကိုဒေါင်းပြီးဖုန်းရဲ့ညာဘက်ထောင့်နားလေးက “Custom Locale”ကိုနှိပ်လိုက်ပါကအပေါ်ကပုံလေးအတိုင်းပေါ်လာပါမယ်..
Language – my
Country – MM
ပြီးရင်တော့ Set ကိုနှိပ်လိုက်ပါ….

Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကိုRebootလုပ်ပေးပါ….
ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…
အားလုံးအဆင်ပြေပါစေ

Software ပေးတဲ့ကျွန်တော့်ရဲ့Best Friend ဆောင်းညီဦးကိုလည်းကျေးဇူးတင်ပါတယ်…
Download Link For MoreLocale 2 

Android Application 'n' Games Most Downloaded Edition


ကဲ ဒီတစ်ခါလည်း နိုဝင်ဘာလ ၅ ရက်ထိ လူအကြိုက်အများဆုံး Application နှင့် Games များကို စုစည်း ပေးလိုက်ပါတယ်။ အားလုံးဟာ Paid version တွေပါ။ စုံလင်အောင် ပါဝင်တာမို့ လိုအပ်တာကိုသာ Update To Date ဖြစ်အောင် ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းရလွယ်ကူအောင် တစ်ခုချင်းစီ ခွဲတင်ပေးထားပါတယ်။ Ads တွေ မခံထားတဲ့အတွက် အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ လိုအပ်တဲ့ Apk ကိုလည်း Comment ကနေ တဆင့် တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သမျှ ကျွန်တော်တို့ ရှာပေးပါ့မယ်..၊ နောက်တွေ့ရင်လည်းထပ်တင်ပေးပါ့မယ်...၊

MONOPOLY Millionaire v1.7.4 [Android] (246.73 MB)

0

Posted by Black Magic | Posted in | Posted on 5:14 PM



ငယ်ငယ်တုန်းက ဆော့ဖူးသူတိုင်း မှတ်မိကြဦးမှာပါ။ စက္ကူကတ်ထူပြားပေါ်မှာ ပိုက်ဆံအတုတွေနဲ့ အိမ်တွေဝယ်ကြ၊ မြို့တွေ ၀ယ်ကြနဲ့ ကစားခဲ့ကြဖူးတဲ့ Board Game အမျိုးအစား ဖြစ်တဲ့ MONOPOLY  ဂိမ်းလေးပါ။ အခုတော့ Mobile ဖုန်းပေါ် ရောက်လာပါပြီဗျာ။ Android ဖုန်းအတွက် MONOPOLY Millionaire v1.7.4 Game လေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ Full Version အတွက် Data လည်း ပါဝင်ပါတယ်။

Download Monopoly Millionaire

Direct Download

Android ကနေ Facebook Account လုပ်နည်း.... (Sure..!)

facebook လုပ်နည်း တင်ပေးခဲ့ပြီးပါပြီ တောင်းဆိုလို့ ထပ်တင်ပေးလိုက်သည်။ အဆင်ပြေပါစေဗျာ......♣

 
Facebook Account လုပ်နည်းတွေကတော့အမျိုးမျိုးပါပဲ... လွယ်တာတွေလည်းရှိသလို .. ရှုပ်တာတွေလည်းရှိပါတယ်.. အခုလည်း Android ကနေ  Facebook Account လုပ်နည်း တစ်မျိုးထပ်တွေ့လို့ တင်ပေးလိုက်ပါတယ်... အဆင်ပြေကြပါစေဗျာ...

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ
      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn          2.OpenVPNConnect) ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...



3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ


6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ  ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မေ၇းဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)

Wednesday, November 13, 2013

IT Palace Computer Training Centre ရှိတယ်                                                                                                                                                                                                                                                                                                                                                                         
                                                            

Monday, November 11, 2013

Flagimation + Patch

Flagimation + Patch | 508 KB |
ဒီကောင်လေးကိုတော့ ကျနော် blogger လောက ထဲစတင်ရောက် လာတဲ့အချိန်တုန်းက တင်ပေးဖူး ပါ တယ် .မိမိတို့ မှာရှိတဲ့ ဓါတ်ပုံတွေကို ဒီဆော့ဝဲလ်လေးနဲ့ အသုံးပြုပြီး လေထဲလွှင့် နေအောင် ပြုလုပ် နိုင်ပါ တယ်.ဒီကောင်လေးကသူ့ မူရင်းဆိုဒ်မှာဆိုရင် US $ 20 နဲ့ ရောင်းနေတာပါ. အခုကျနော် ဒီဆော့ဝဲလ်လေး ကို အမြဲတမ်း အပြည့်အဝ အသုံးပြု Patch ဖိုင်လေး ထည့်ပေးထားပါတယ်. Full Version  ပြု လုပ် နည်း ကတော့  RAR ဖိုင်ထဲက patch.exe ဖိုင်ကို copy  ယူပြီး  C:\Program Files\Pegtop\Flagimation မှာ paste လုပ်ပါ. အဲဒီ patch.exe ကို double click နဲ့ ဖွင့်ပြီး  patch bottom ကို click ပါ.OK \ Exit နဲ့ ပိတ်ပြီးရင် မိမိတို့ ရဲ့ ဆော့ဝဲလ်ဟာ အမြဲအသုံးပြုနိုင်တဲ့ full version ဖြစ်သွားပါပြီ။




အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်...
 DOWNLOAD:
{ MF - password: nayminkhit }
ကျေးဇူးတင်ပါတယ်...
by နေမင်းခ
Money Origami

တန်ဆောင်တိုင်အမှတ်တရအဖြစ် ဘော်ဒါတို့ကို ဘာ App လေး ..
ပေးရင်ကောင်းမလဲ စဉ်းစားနေတာ ကထိန် ငွေပဒေသာပင်တွေမှာ ..
အလှူငွေကို အလှဆင်နိုင်မယ့် Money Origami ဆိုတဲ့ ပိုက်ဆံကို ..
အရုပ်ပုံလေးတွေ ခေါက်နည်းသင်ပေးမယ့် App လေး တင်ပေးလိုက်တယ်။
ငွေပဒေသာပင်မှာ တမူထူးခြားပြီး လှပသွားအောင် ဖန်တီးနိုင်ဖို့ပါ။
ပန်းပုံစံ၊ အင်္ကျီပုံစံ၊ လိပ်ပြာ၊ ငှက် .. စသဖြင့် ခေါက်နည်း (၁၂)မျိုးပါရှိပါတယ်။
တစ်ချို့အရုပ်တွေက ကထိန် ငွေပဒေသာပင်အတွက် အဆင်မပြေပေမယ့် ..
ပန်း ၊ လိပ်ပြာ၊ အင်္ကျီ၊ ငှက် .. စတာလေးတွေက တော်တော်လှတယ်ဗျ။
ကိုယ်တိုင် ငွေပဒေသာပင် လှလှလေး ဖန်တီးပြီး ကုသိုလ်ယူနိုင်အောင် ..
ခေါက်နည်းလေးတွေကို လေ့လာကြည့်ဗျာ။ မခက်ပါဘူး လွယ်ပါတယ်။
ကျွန်တော် ဒေါ်လာတွေနဲ့ ခေါက်ထားတဲ့ ပုံပါ တင်ပေးလိုက်တယ်

Android 2.2 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (7MB)

dropbox - https://www.dropbox.com/s/0hlqoau0f9w1cmr/Mr.AD%20-%20Money%20Origami.apk

copy - https://copy.com/ofpzIzWOLFAZ

ပျော်ရွှင်စရာ တန်ဆောင်တိုင် ဖြစ်ပါစေဗျာ။

Mr.AD


ဒီနည်းလမ်းလေးကတော့ windows 7 ရဲ့ အသံပြဿနာ အဖြေရှာနည်းတွေထဲက တစ်နည်းဘဲဖြစ်ပါတယ်။
မေး။  ။myint wai: အကို ကျွန်တော် window audio မှာလုပ်ကြည့်လဲမရဘူး Realtek audio မှာinstall လုပ်လဲမရဘူး window ပြန်တင်ဖို့လို့မလား နားမလည်လို့ပါ ပြောပြပေးပါအုံးနော် အကိုမအားလို့လား နေ့တိုင်းအကိုဘာ ပြန်ပြောမလဲဘဲစောင့်တယ်။
ဖြေ။ ။ညီလေးရေ အကိုလဲမအားသေးတာနဲ့ အခုမှပြန်ဖြေပေးနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်. နည်းလမ်းတွေထဲကမှ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းလေးဖြစ်လို့  စမ်းသပ်ကြည့်လိုက်ပါ. အောက်မှာ အကိုတစ်ဆင့်ခြင်းလုပ်ရမှာတွေကို ရှင်းပြပေးထားပါတယ်။ ဒီနည်းလမ်းလေးက မိမိစက်မှာ အင်တာနက်ချိတ်ဆက်ထားဖို့ တော့လိုအပ်မှာဖြစ်ပါတယ်. စိတ်ဓါတ်မကျပါနဲ့ ဝင်းဒိုး ၇ အသုံးပြုတဲ့ လူတိုင်းလိုလို ဒီလိုအသံမလာတဲ့ပြဿနာ ကိုကြုံတွေ့ ကြ ရပါတယ်. 
1.start / search / gpedit.msc / enter.
2.computer configuration / administrative templates / system / device installation / device installation restrictions / အပေါ်ဆုံးက allow administrators to override device installation restriction policies ကို Enabled / apply / OK.
3.ပြီးရင် အောက်ဆုံးမှာ prvent installation of devices not described by other policy setings ကို Enabled / apply / OK .
4.အထက်ပါအဆင့်တွေပြီးရင် ၎င်း ဘောက်ကိုပိတ်လိုက်ပါ။

ဆက်သွားပါအုံးမယ်...

5. Computer / Right Click / Manage .
6. Computer Management ဘောက်ကျလာရင် / Device Manager ကို double click / ညာဘက်မှာ Sound , video and game controllers အောက်မှာရှိနေတဲ့ High Definition Audio Device ပေါ်မှာ Right Click / Uninstall / OK.
7. Computer Management ဘောက် ရဲ့ နောက်ဆုံး icon ပုံ ( scan for hardware changes ) ကို Click လိုက်ပါ။
8. Other devices ကိုရှာပါ. သူ့ အောက်က Audio Device on High Definition Audio Bus ပေါ်မှာ Right Click / Update Driver Software ကို Click ပေး / Search automatically for updated driver software ကို Click ပြီးခဏစောင့်နေပေးပါ။
 9. installing driver software လုပ်ပြီးရင်တော့ မိမိတို့ ကြုံ တွေ့ နေရတဲ့ windaws 7 audio ပြဿနာ ဖြေရှင်းပြီးသွားတာကို တွေ့ ရပါလိမ့်မယ်.

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. အဆင်မပြေခဲ့ရင်လဲ ပြန်ပြောခဲ့ကြပါအားမနာပါနဲ့ ...ကျနော်အားတာနဲ့ အဖြေရှာပြီးတင်ပေးပါမယ်.

ကျေးဇူးတင်ပါတယ်...

Wednesday, November 6, 2013

ဒီ App လေးကတော့ ဓါတ်ပုံတစ်ပုံမှာ ကိုယ် မလိုချင်တဲ့အရာများကို ..
အလွယ်တကူ ဖျက်နိုင်အောင် ကူညီမယ့် Photo Edit အလန်းစားလေးပါ။
ဖျက်ပုံဖျက်နည်းက လုံးဝမိုက်တယ်ဗျ။ ဖျက်ထားမှန်း မသိသာအောင် ..
ကိုယ် ဖျက်မယ့် အရာရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ပုံရိပ်တွေကို ..
ဖျက်လိုက်တဲ့နေရာမှာ မသိမသာ အစားထိုးပေးသွားပါတယ်။
ဒါကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဖျက်ထားတယ်လို့တောင်
မထင်ရဘူး။ ဘယ်လိုမျိုးတွေမှာ ပိုလန်းလဲဆိုတော့ .. ဥပမာ ..
တစ်ယောက်တည်းပုံရိုက်ရင်း ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် ..
ပါနေတာတို့ .. အလှပုံရိုက်တာ ဘေးနားမှာ သစ်ပင် .. သစ်ကိုင်း ..
တရိစ္ဆာန်.. စသဖြင့် တစ်ခုခု ပါသွားလို့ ဓါတ်ပုံက မလှတော့တာမျိုးမှာ
Touch Retouch နဲ့သာ ဖျက်လိုက်ပါ။ လုံးဝ လန်းသွားပါတယ်။
အသုံးပြုပုံကလဲ လွယ်ကူရိုးရှင်းပါတယ်။ မိမိ ဖျက်ချင်သော အရာကို
Brush tool ဖြင့် သေချာ တိတိကျကျလေး Select မှတ်ပေးလိုက်ပါ။
Select မှတ်နိုင်သော တစ်ခြား Tool များလဲ ပါရှိပါသေးတယ်။
Photoshop မှာ သုံးသလိုမျိုး Select မှတ်ပေးလိုက်ပြီး Start ကို ..
နှိပ်လိုက်တာနဲ့ ဖျက်ချင်တာ ပျက်သွားပြီး ချောမွေ့သွားအောင်
သူ့လိုလို ဖန်တီးပေးသွားပါလိမ့်မယ်။ အမိုက်စား App လေးပါ။

ပုံထဲမှာ ကျွန်တော် ဖျက်ပြထားပါတယ်။ ကွန်ဒိုသုံးခုမှ တစ်ခုကို ဖျက်ကြည့်တာ ဖျက်ထားမှန်း မသိသာဘူး။ လန်းတယ်

Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox - https://www.dropbox.com/s/vpf4bqdgexba412/Mr.AD%20-%20Touch%20Retouch%20v3.2.apk

copy - https://copy.com/1iISCFn2XaXo

ပျော်ရွှင်ပါစေ။

ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်နည်း

ခုခေတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့တော့ ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်ပီးတော့ ချွေတာလိုက်ကြတာပေါ့ … ။ လိုအပ်တဲ့ အရာတွေကတော့
၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံ ဘူး) များသောအားဖြင့် အလူမီနီ ပဲများပါတယ် ပေါ့ပါးအောင့် လုပ်ထားတဲ့ အတွက်ပါ။
၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေ

ဟာ ဒီအကြိုးအတိုင်း ၀င်ရောက် လို့ဖြစ်ပါတယ် ..အဲ့ကြိုးမရှိရင် ဘယ် Signal မှ ၀င်ရောက်နိုင်မှာမဟုတ်ပါ)
၃။သစ်သား
၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို သစ်သားမှာချည်နောင်ရန်အတွက်
)
၅။မူလီ ၂ချောင်း
ကဲစပြီးလုပ်ကြရအောင်
အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို ထားပါ ။ကျန်တဲ့ တစ်ဖက်ကို ၂လက်မ လောက် ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ ။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုးတစ်ချောင်းနဲ့ အပြင်ဘက်အကာမှာ အလူမီနီကြိုး များ ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက်အရှည်မှာ ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + လက္ခဏာကိုဆောင်ပြီးတော့ အလူမီနီကြိုးကတော့ အနုတ် ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ ကြေးနန်းကြိုးကိုပတ်ပီးတော့ ဘီယာဘူးခွံ အ၀ (ထောင်ထားလျင်အပေါ်ပိုင်း) မှာ ရိုက်ပီးချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် သစ်သားမှာ ကပ်ချည်ပါ။ ဘီယာခွံ ၂ခုကြား အကွာ အဝေးက တော့ ၇စင်တီမီတာလောက်ထားပါ (ဒါက စမ်းသပ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ အဝေးပါပဲ နီးရင် Signalသက်ရောက်မှုနည်းတယ်။၇ကတော့ အကောင်းဆုံးပါပဲ)။
အင်တာနာမြင့်လေ Signal ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် ။အဲ့ဒီ့ကပ်ချည်ထားတဲ့အင်တာနာကို အပြင်ဘက်ကို ထုတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပြီးထောင်ရင်လည်းရပါတယ်။ သစ်သားအကျီင်္ ချိတ်ကို အသုံးပြုရင်လည်းရပါတယ်။ ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ ကပ္ခ်ည္လိုက္ပါ။ ပြီးရင်အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ ဆဂနယ် ကောင်းကောင်းဖမ်းယူပေးပါလိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေပါစေ။။...
စမ်းကြည့်ချင်တဲ့သူတွေစမ်းကြပါ။