♥ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ♥

Saturday, August 31, 2013

ဖုန်းတစ်လုံးမှ တစ်လုံး သို့ ငွေ ဖြည့်ကဒ် လှမ်းထည့်နည်း

GSM ငွေဖြည့်ကဒ် လွှဲပြောင်းနည်း
GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone bill လွှဲတဲ့ ပုံစံ ဖြစ်ပါတယ်။
*123*Pin No* phone Number#
ပြီးလျှင် call ကိုနှိပ်လိုက်ပါ။
ဥပမာ
*123*21767533302942356*09402695651#
CDMA ငွေဖြည့်ကဒ် လွှဲပြောင်းနည်း
CDMA ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone bill လွှဲတဲ့ ပုံစံ ဖြစ်ပါတယ်။
*166* Pin No* phone Number#
ပြီးလျှင် call ကိုနှိပ်လိုက်ပါ။

ဥပမာ
*166*21767533302942356*09402695651#
GSM ကနေ GSM။
CDMA ကနေCDMA ပဲလွှဲလို့ရတာနော်။
ငွေဖြည့်ကဒ် အမျိုးအစားတူ ရပါမယ်။

Driver Robot 2.5.4.2 Full Version ( 6 MB )

ကွန်ပျူတာမှာ Windows ပြန်တင်ပြီးလို့ Driver လိုအပ်နေသူများ..Driver အခွေပျောက်သွားလို့ Driver Install
လုပ်လို့မရတော့သူများ အတွက် အဆင်ပြေစေမယ့် Software လေးဖြစ်ပါတယ်...အင်တာနက်ဖြင့်ချိတ်ဆက်
အသုံးပြုရမှာဖြစ်ပြီး ကွန်ပျူတာအတွက် လိုအပ်တဲ့ Driver များကိုစစ်ဆေးပေးရှာဖွေပေးမယ့် Software ဖြစ်
ပါတယ်..ကဲ..Driver ပျောက်လို့ ထည့်မရလို့ တိုင်ပတ်နေသူများ ဒါလေးကိုအသုံးပြုပြီးပျောက်ဆုံးနေတဲ့
Driver များကို ရှာဖွေ Install လုပ်နိုင်ကြပါပြီခင်မျာ.

 
If u like my post,visit at www.mmithelper.com

ဆေးပညာနှင့်သက်ဆိုင်သော သူများအတွက် Concise Oxford Medical Dictionary 1.6 + SD Data ( 10 MB ) Android Application


ဆေးပညာနှင့်သက်ဆိုင်သော သူများ..ဆေးကျောင်းသူ ကျောင်းသားများအတွက် အလွန်အကျိုးရှိအသုံးဝင်
စေမယ့် Android ဖုန်းမှာ အသုံးပြုနိုင်သော Medical Dictionary လေးပြန်လည်ဝေမျှလိုက်ပါတယ်..  A To Z အထိ ဆေးပညာအခေါ်အဝေါ် ဝေါဟာရများ..အဓိပါယ်များ ..ဆက်စပ်မှုများ များစွာပါဝင်သည့်အတွက် ဆေးကျောင်းသူ ကျောင်းသားများနှင့် ဆေးပညာနယ်ပယ်တွင်း အလုပ်လုပ်နေသူများအတွက် အလွန်အသုံးဝင်မယ့် Android Application လေးဖြစ်ပါတယ်ခင်ဗျ
ကျနော့် ကိုယ်ကျနော်နည်းနည်းမိတ်ဆက်ပေးပါ့မယ် ကျနော်Myanmar IT Helper က နေပြည်တော် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တိကုဆရာဝန်လောင်းလေးဖြစ်ပါတယ်..ဒါပေမယ့်နည်းပညာကိုစိတ်ဝင်စားလို့ နည်းပညာလုပ်တယ်..လိုင်းကောင်းတဲ့ ညဘက်တွေ မှာအလုပ်လုပ်တော့ မနက်3 နာရီလောက်မှအိပ်တယ်.ကျောင်းက 8 နာရီတက်တယ်..တက်တက်ချင်းမှာ ၀င်တဲ့ဆရာမက အင်မတန်စာ
မေးတယ်ဗျ..ကျနော်ကလဲ အိပ်ချင်မူးတူး..သူကလဲ မေးချင်တာမေးဆိုတော့ ကြာရင် ကျနော်မလွယ်ဘူး.ဆူခံထိမှာကျိန်းသေပါတယ်..ဒါပေမယ့် ဒီ Dictionary လေးဆောင်ထားတော့ သူမေးလဲ
ဒက်ခနဲ .. ဒက်ခနဲဖြေနိုင်တာပေါ့ဗျာ..အဲတော့ အဆူခံလွတ်တယ်.... ဒီအဘိဓာန်လေးကျေးဇူး
ကြောင့်ပေါ့..ဟိဟိ.. ပြန်မပြောနဲ့နော် ညီအစ်ကိုတို့.. :-) ကဲပါ..ဒီလိုပြောပြတယ်ဆိုတာကလဲ မေးမြန်းလာ
တဲ့ အစ်ကိုတစ်ယောက်အတွက် ကြုံတုန်းလေး ပြောပြလိုက်တဲ့သဘောပါ.ဒီအဘိဓာန်လေးကို လက်လှမ်းမီ
သမျှ ပြန်လည်ဝေမျှပေးပါ..ပညာဒါနပေါ့ဗျာ.. Install လုပ်ပုံကတော့ SD Data ကိုဒေါင်းပြီးရင် Zip ဖြေလိုက်ပါ
Mobile Systems ဆိုတဲ့ Folder လေးထွက်လာရင် အဲကောင်ကို SD Card ထဲသို့ထည့်လိုက်ပါ..ပြီးတာနဲ့
Oxford Medical Dictionary Apk ကို Install လုပ်ပါ..ပြီးရင်ဖွင့်လိုက်ပါ..Menu ကိုနှိပ်ပြီး Download နေရာမှာ
SD Card ကိုရွေးပေးလိုက်ရင် စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်..အဆင်ပြေကြပါစေခင်မျာ.။
Download Apk => Link 1 / Link 2
Download SD Data => Link 1 / Link 2http://www.mmithelper.com/2013/06/concise-oxford-medical-

မြန်မာပြည်မှာ ဒုက္ခအပေးဆုံး Malware ကိုဖယ်ရှားပေးမယ့် Win32/Sality Remover 1.2.0.616 ( 4 MB )

Virus နာမည်က Win32/Sality ကွန်ပျူတာ System ပိုင်းကို ဖျက်ဆီးတဲ့အထဲမှာ Malware အုပ်စုဝင်ဖြစ်ပါတယ်..သူတို့ ၀င်ရောက်လာပြီဆိုရင် Exe ဖိုင်တွေမှာ ၀င်ညိမယ်..စက်ကိုတော့ လေးအောင်မလုပ်ဘူး..သူတို့တွယ်ညိနေတဲ့ Exe ဖိုင်တွေဟာ
အကောင်းအတိုင်းသုံးလို့ရနေမယ်...သူတို့ရှိတဲ့စက်မှာ Memory Stick ထိုးမိရင် Memory Stick ထဲမှာ
RECYCLER ဆိုတဲ့ Folder တစ်ခုရယ် Copy Of ShortCut To (1,2,3,4 ) ဆိုတဲ့ဖိုင်လေးဖိုင်ရောက်လာ
ပြီး Stick ထဲမှာ ရှိတဲ့ ဖိုလ်ဒါတွေ..Exe ဖိုင်တွေ ကို အကုန်တွယ်ကပ်ပါတော့တယ်..Network ချိတ်ဆက်ထား
တဲ့ကွန်ပျူတာတွေအတွင်းမှာလည်း ကူးစက်နိုင်ပြီး အင်တာနက်လိုင်းနှေးကွေးအောင်ပြုလုပ်ခြင်း..
ဂိမ်းချိတ်ဆက်ကစားနေစဉ်အတွင်း NetWork TimeOut ဖြစ်အောင်ပြုလုပ်ခြင်း..စတဲ့ လက္ခဏာများပြ
ပါတယ်..အဆိုးဆုံးကတော့ သူတို့ဝင်ရောက်နေတဲ့ကွန်ပျူတာမှာ ဘယ် Antivirus မှအသစ်တင်လို့မရတော့
တာပါဘဲ..တင်လိုက်ပြီဆိုရင်လည်း အဲဒီ Antivirus က ဖွင့်မရတော့ပါဘူး...အဲလောက်ကို စိတ်ဒုက္ခပေးတဲ့
Malware ပါ..တော်တော်များများလဲ ကြုံဖူးကြမှာပါ..ဒေတာတွေကိုဖျက်တယ်..Exe တွေကို ဖျက်ပစ်တယ်
.ဒီလို Malware ကပ်ညိတာခံနေပြီဆိုရင် ရှင်းထုတ်ဖို့ Remover Tool လေးတင်ပေးလိုက်ပါတယ်..ဒါလေးနဲ့
သာရှင်းလိုက်ပါ အဆိုပါ Malware တွေအကုန်သေသွားပါလိမ့်မယ်.ဒါနဲ့ ရှင်းပြီးဘီဆိုမှ Antivirus နဲ့ပြန်စစ်ပါ..Antivirus နဲ့အရင်မစစ်ပါနဲ့...တင်ထားသမျှ Software တွေကို Virus ဆိုပြီး အကုန်ပလုံ ပစ်ပါလိမ့်မယ်.. :-D .ဆောင်လဲဆောင်ထားကြပါ..မြန်မာ
ပြည်မှာ အပြန့်နှံ့ဆုံးနဲ့အတွေ့များဆုံး Malware , Virus များဖြစ်တဲ့အတွက်ကြောင့်ပါခင်မျာ..

Link သုံးခုပေးထားပါတယ်..ကြိုက်ရာ လင့်ကနေဒေါင်းပါ။




Android OS ဖုန်းကိုင်သူတိုင်းကြိုက်နှစ်သက်ကြမယ့်ဆော့ဝဲအလန်းနဲ့မိတ်ဆက်ပေးပါတော့မယ်။
ဆော့ဝဲရဲ့နာမည်ကတော့ Golden Call Locator လို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝင်လာရင် အဲဒီဖုန်းက ဘယ်လမ်း ၊ဘယ်မြို့နယ် ၊ ဘယ်လိပ်စာ ၊ ဘယ်မြို့ ၊ ဘယ်ပြည်နယ်/တိုင်းဒေသကြီးကဆိုတာကို အတိအကျဖော်ပြပေးပါတယ်။ ၀င်လာတဲ့ဖုန်းတင်မဟုတ်ဘဲ ဖုန်းနံပါတ်ရိုက်ထည့်လိုက်ရင်လည်း လိပ်စာဖော်ပြပေးနိုင်ပါတယ်။ ကြိုက်သွားကြပြီမလား ။ ကြိုးဖုန်းနဲ့ခေါ်လာတာတွေကိုပဲ ဒီဆော့ဝဲကဖော်ပြပေးပါတယ်။ Golden Call Locator ဆော့ဝဲလေးက မြန်မာပြည်မှာသာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Golden Call Locator for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here:

4
မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော်
ထင်ပါတယ်.. အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်..မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်.. ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်
ထဲမှာမပါတဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို.. အင်တာနက်
နဲ့ချိတ်ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့ စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး
စွယ်စုံကျမ်းဗဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များ
တွင် အလိုအလျောက်ရှာဖွေနိုင်ပါသေးတယ်...ပညာရပ်နယ်ပယ်အသီးအသီးတွင် လေ့လာလိုက်စားနေကြ
သော ကျောင်းသားကျောင်းသူများ..ဆရာ .ဆရာမများ အတွက် အထူးအသုံးဝင်ဆုံး..ဆောင်ထားဖို့
အကောင်းဆုံး ဖြစ်ပြီး Online ရော.. .Offline ပါ Support ပေးတဲ့ မြန်မာ့နံပတ် 1 အဘိဓာန် Software
ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်မျာ...ဒီ Software ကိုအသုံးပြုမယ်ဆိုရင် မိမိစက်မှာ NetFraem 4 ထည့်
သွင်းထားဖို့လိုအပ်ပါမယ်ခင်မျာ...

Download Dictionary ==> Link 1 / Link 2


သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

Tuesday, August 6, 2013

Photo Effect 70 လောက်ပါလာပြီး ဒီဇိုင်းဆန်းဆန်း ဒီဇိုင်းလန်းလန်းတွေရိုက်လို့ ရတဲ့ Webcam




ဒီဇိုင်းတွေက အများကြီးပါတာမို့  ပဲများတဲ့ကောင်မလေးတွေ စတိုင်ထုတ်ပီး

ကိုယ်အခန်းထဲကို တစ်ယောက်ထဲ ရိုက်နိုင်ပါတယ် နှင်းကျတာ မီးလောင်ပီး

ထူးဆန်းတဲ့ Camera Effect အဆင်သင့်ပါလာပြီး ညိုသူချော ဖြုသူလှစေတဲ့

Effect တွေမလို့ Camrea 360 လိုလန်းတယ် အထူးပန်ပြင်စရမလိုတော့ပါ

လက်တွေ့ သုံးကြည့်တာ တကယ်မိုက်တာမို့ အားလုံးသိအောင် မျှဝေတာ

လက်တွေစမ်းပြီး ဖလမ်းဖလမ်း လုပ်ချင်သူများ အောက်ကလင့်မှာလေ့လာ





ဒီလင့်လေးကိုနှိပ်လိုက်ပါ - http://webcamtoy.com/

ပွင့်လာပြီဆိုရင်  Ready ? Smile ! ..ဆိုတာလေးကိုနှိပ်လိုက်ပါ

Use My Camera ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ

Please allow access from the menu abrove စာတန်းမြင်ရင်

အပေါ်နားက Bar မှာ Allow - Deny မှာ Allow ကို နှိပ်လိုက်ရင်ရပါပြီ

< Normal > Arrow လေးနှိပ်ပီး Effect ရွေး ကင်မရာပုံလေးနှိပ်ပါ

ပီးရင် save မလား Facebook နဲ့ တခြား Social Website တွေ Share နိုင်၏

ဒီဇိုင်းတွေအများကြီးပါတာမို့  Arrow လေးနှိပ်ပီး Effect တွေယူသုံးပါ

ဒီနည်းက အွန်လိုင်းကင်မရာသုံးတဲ့သဘောပါပဲ ဒီဟာကိုလုပ်ဖို့ ဆိုရင်တော့

အင်တာနက်လည်းရှိရမယ် ကွန်ပျုတာမှာ ကင်မရာပါရပါမယ် ကောင်မလေးတွေ

ဒီဇိုင်းအမျိုးမျိုးနဲ့  ကွန်ပျုတာကင်မရာကနေ ဓာတ်ပုံအမျိုးမျိုး ရိုက်နိုင်ပါပြီ